“ချစ်သူနဲ့သာဝေးနေရတာပါ ကိုဗစ်နဲ့ကတော့ PPE တစ်လွှာပဲခြားတော့တယ်” ဆိုတဲ့ ဝေဠုကျော်

အနုပညာ

ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်တဲ့ ဝေဠုကျော်ကတော့ ပရဟိတလုပ်ငန်းတွေကို ကြိုးစားပမ်းစား လုပ်ကိုင်နေသူပဲ ဖြစ်ပါတယ် ။ ဝေဠုကျော်က အနုပညာအလုပ်တွေကိုရပ်နားထားခဲ့တာ အချိန်အတော်ကြာရှိနေပြီလည်း ဖြစ်ပါတယ် ။

ဝေဠုကျော်ဖောင်ဒေးရှင်းကိုပါ တည်ထောင်ပြီး အများအကျိုးကို သယ်ပိုးနေတဲ့ ဝေဠုကျော်ကို ပရိသတ်တွေကလည်း လေးစားချစ်ခင်နေရတာ ဖြစ်ပါတယ် ။ အခုလို Covid ကာလမှာလည်း ဝေဠုကျော်က လူနာတင်ကားကိုပါသူကိုယ်တိုင်မောင်းပြီး ကူညီဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ် ။

ဒီကနေ့မှာတော့ ပရဟိတမင်းသားကြီး ဟာ ချစ်သူကို တမ်းတနေတာပဲဖြပါတယ်။ဝေဠုကျော်က ” ချစ်သူနဲ့သာဝေးနေရတာပါ ကိုဗစ်နဲ့ကတော့ PPE တစ်လွှာပဲခြားတော့တယ်” ဆိုပြီးတင်ခဲ့တာပဲဖြစ်ပါတယ်။ ဝေဠုကျော်ကတော့ ကိုဗစ် ကာလမှာ ကိုဗစ် ထိန်းချုပ်ကာကွယ်ရေးအတွက် ကိုယ်ကျိုးမပါပဲ ကူညီပေးခဲ့တာ (၆) လတောင်ရှိခဲ့ပြီပဲဖြစ်ပါတယ်။

ဝေဠုကျော်ကတော့ ပြည်သူချစ် အနုပညာရှင်တွေပီပီ ပြည်သူတွေအတွက် လိုအပ်ချိန်မှာလည်း ကိုယ်ကျိုးကို စွန့်လွှတ်အနစ်နာခံပြီး ကူညီနေတာပဲ ဖြစ်ပါတယ်။ ဝေဠုကျော်နဲ့တကွ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများအားလုံး အစစအရာရာ အဆင်ပြေချောမွေ့ပြီး ကပ်ကြီးကို ကျော်လွှားနိုင်ကြပါစေနော်။ ကိုဗစ်လာလမှာ ပရိသတ်ကြီးလဲ ကျန်းမာရေးဂရိုစိုက်ကြပါ။