(၈)နှစ်အတွင်း အသားဖြူလာတဲ့ လျှို့ဝှက်ချက် ကိုပြောပြလာတဲ့ အိမ့်ချစ်

အနုပညာ

အဆိုတော် ဦးချစ်ကောင်းရဲ့ သမီးအဖြစ်နဲ့ ပရိသတ်တွေကြာမှာ လူသိများလာတဲ့အိမ့်ချစ်ဟာ နောက်ပိုင်းမှာ သူမရဲ့ ဆွဲဆောင်မှုရှိတဲ့ အသံကြောင့် အရမ်းကိုအောင်မြင်ခဲ့ပါတယ်။ သူမ ကဖအေတူသမီးလေးဖြစ်တာကြောင့် အသားအရည်နဲ့ကလဲ ဖခင်ဖြစ်သူလောက် မညိုပေမယ့် မိန်းကလေးတစ်ယောက်အနေနဲ့ဆို သာမာန်ထက်ပိုပြီးညိုတဲ့ အနေအထားမှာရှိပြီး ပရိသတ်တွေက ချောကလက်မလေး အဖြစ်စနောက်ခံနေရတဲ့ သူဖြစ်ပေမယ့် သူမဟာ ၉နှစ်အတွင်းမှာ သိသိသာသာကြီးကို ပြောင်းလဲ လာခဲ့ပါတယ်။


သူမပြောင်းလဲလာတဲ့ လျှို့ဝှက်ချက်တွေကိုလဲ “ အိမ့်ချစ်ကအသားညိုတယ်ဆိုတာအားလုံးသိကြပါတယ်။ ဒါပေမယ့် မိန်းကလေးတစ်ယောက်က ဖြူဖြူမဲမဲ အဓိက ကြည်လင်ပြီး Healthy Skin ဖြစ်နေဖို့အဓိကပါ ခုလတ်တလော ချောကလက်မလေးမိမိချစ် ကြည်လင်ပြီး Healthy ဖြစ်တဲ့ skin အတွက်သုံးနေတာလေးတွေ Sharing လုပ်ပေးချင်ပါတယ်ရှင့်”

“မျက်နှာနဲ့ပတ်သတ်ရင်တော့- The Body Shop ရဲ့ Drops of Youth set လေး သုံးပါတယ်။ မျက်နှာချေးချွတ်တာရယ် မျက်နှာသစ်ဆေးရယ် serum ရယ် ၃ခုသုံးတယ် serum ကအရမ်းကောင်းတာ ဈေးကြီးပေမယ့် result ကသိသာ တယ်မျက်နှာကို ကြည်ပြီး ဝင်းလာတာ ခရီးသွားရင်တော့မျက်နှာသစ်ဆေးကို Acnes ပဲထည့်သွားတယ် ။ ဝက်ခြံလဲ ထွက်တတ်တော့ အဲ့ Acnes ကလဲအထင်သေးပြီးပစ်ထားလို့မရဘူး တကယ်ကောင်းတာ”


“နှစ်ပတ်တစ်ခါလောက်တော့ Bella ရဲ့ Baking Soda Facial Scrub လေးသုံးဖြစ်တယ် သူလဲကောင်းတယ် ဆားဝက်ခြံလေး တွေသက်သာတယ်။ မိတ်ကပ်ဖျက်ရင်တော့ Uriage ရော Bioderma ရောသုံးတယ်။ ခန္ဓာကိုယ်အတွက်ကတော့ Cathy Choo ကရေချိုးဆပ်ပြာလဲသုံးတယ် ။ Aura Plus Fruit Soap လဲသုံးတယ်။ Thailand Made တွေမို့တချို့ကတော့စိုးရိမ်ကြတယ်”


“ အိမ့်ချစ်ကတော့ သုံးတာကြာပြီ ဘာ side effect မှတော့မရှိဘူး တစ်လမှာအသားကြည်ပြီးဖြူလာတာ အရမ်းကို သိသာပါတယ်။ အိမ့်ချစ်ကရင်ဘတ်ကျောမှာပါ ဝက်ခြံလေးတွေ ထွက်တတ်တယ် အဲ့လိုထွက်လာရင်တော့ Acnes Body Wash နဲ့ရေချိုးပေးတယ် တချို့မိန်းကလေးတွေတင်ပါးမှာပါ။ ဝက်ခြံဘုလေးတွေထွက်တတ်ရင် ဒါလေးနဲ့ချိုး”


“ တကယ်သက်သာတယ် ဈေးလဲမကြီးဘူး collagen လဲပုံမှန်သောက်တယ် Shiseido က collagen ပုံမှန်သောက်တယ် result ကတော့သောက်တာကြာလာ တာနဲ့အမျှတော့တိုးတက်လာတာပါပဲ Scrub လဲလုပ်တယ် lotion လဲလိမ်းတယ် မျက်နှာ ပေါင်းတင် Mask လဲသုံးတယ် ဒါပေမယ့် စွဲသုံးတာမရှိလို့မရေးတော့တာ သုံးတဲ့ထဲမှာဈေးကြီးတာလဲပါသလို ဈေးသက်သာတာတွေလဲပါပါတယ်”


“ဈေးကြီးတဲ့ပစ္စည်းဆိုလို့ The Body Shop Set နဲ့ Shiseido Collagen လောက်ပဲ ပါပါတယ် ။ ကျန်တာက တစ်သောင်းပတ်ချာလည်လေးတွေပါ။ Healthy Skin ဖြစ်ဖို့ တစ်ပတ်လောက်နဲ့တော့ မရဘူးပေါ့နော် တစ်လမှာတိုးတက်လာမယ် ၂လဆို သိသာလာမယ် ၃လဆိုကွာခြားလာမယ်။ ဇွဲရှိရှိနဲ့သာကိုတတ်နိုင်တဲ့ပစ္စည်းလေးတွေနဲ့ဂရုစိုက် ကြည့်ပါ”


“မနှစ်ကငါနဲ့ဒီနှစ်ငါ ပြောင်းလဲသွားတဲ့အလှကို မှန်ထဲမှာပြန်ကြည့်ပြီး confidence အပြည့်နဲ့ မမတွေညလေး တွေ ကိုကိုတွေမောင်လေးတွေဖြစ်ပါစေ။ ကိုယ့်အတွက်အနည်းငယ်ပဲဖြစ်ဖြစ်အထောက်အကူဖြစ်ရင် ဒီ post လေးကိုတခြားသူတွေလဲဖတ်ရအောင် Share ပေးပါဦးရှင့် love ya all” လို့ ဆိုပြီး အသေးစိတ်ပြောပြလာခဲ့ပါတယ်။


ဖတ်ရှု့မိတဲ့ ပရိသတ်တွေထဲမှာ အသားဖြူခြင်သူတွေအတွက် အကျိုးရှိမယ်လို့ ထင်မိပါတယ်။ ဖတ်ရှု့ပေးတဲ့ ချစ်ပရိသတ်တွေကို ကျေးဇူးအထူးတင်ရှိပါတယ်။

Credit-Momolay