ကိုဗစ်ရောဂါကုသရေးအတွက် ဧရာဝတီစင်တာကို ငွေကျပ်(၁၀)သိန်း လှူဒါန်းခဲ့တဲ့ Rဇာနည်တို့ မိသားစု

အနုပညာ

Rဇာနည်ကတော့ အသံပါဝါအားကောင်းကောင်းနဲ့ ပရိသတ်အကြိုက် အဆိုတော်တစ်ဦးပဲဖြစ်ပါတယ်။ အဆိုတော်လောကမှာ အောင်မြင်တဲ့အဆိုတော်တစ်ယောက်ဖြစ်သလို သားသမီး သုံးယောက်နဲ့အတူပျော်ရွှင်တဲ့မိသားစု ဘဝလေးကို ပိုင်ဆိုင်ထားတဲ့သူတစ်ယောက်လဲဖြစ်ပါတယ်။ Rဇာနည် ကတော့ ဒီကနေ့မှာ ကိုဗစ်ကုသရေးအတွက် ဧရာဝတီစင်တာကို အလှူငွေလှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။

“ဧရာဝတီ ဖောင်ဒေးရှင်းက အဓိက ပံ့ပိုးကူညီ ဦးဆောင်မှုဖြင့် ကိုဗစ်လူနာများကို လက်ခံကုသပေးမည့် ဧရာဝတီ စင်တာအတွက် အဆိုတော် Rဇာနည် + ဝမ်း မိသားစု က ငွေကျပ် (၁၀)သိန်း ကို စေတနာ ထက်သန်စွာဖြင့် ပံ့ပိုးကူညီ လှူဒါန်းပေးခဲ့ပါသည်” ဆိုပြီး ဧရာဝတီဖောင်ဒေးရှင်းကတင်ခဲ့တာပဲဖြစ်ပါတယ်။

ပရိသတ်ကြီးအတွက် Rဇာနည်ရဲ့အလှူလေးကိုသာဓုခေါ်ရအောင်ဖော်ပြပေးလိုက်ပါတယ်နော်။ မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ ကူးစက်မြန်နေပြီး ကူးစက်ခံရသူ တစ်သောင်းကျော်ရှိကာ သေဆုံးသူ ၂၅၆ ဦးရှိပြီပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလဲ ကိုဗစ်ကာလမှာကျနိးမာရေးဂရုစိုက်ကြပါ။