အခြေခံလူတန်းစားတွေရဲ့ ဝမ်းရေးကို ဖြေရှင်းပေးလိုက်တဲ့ ပရဟိတမင်းသားကြီး ဦးကျော်သူ

အနုပညာ

ပရဟိတမင်းသားကြီးဦးကျော်သူကတော့ အခုလိုကိုဗစ်ကာလမှာလည်း နာရေးကူညီမှုအသင်းကြီးရဲ့ တာဝန်တွေကို မနားမနေထမ်းဆောင်နေသလို ဒီတစ်ခေါက်မှာလည်း ကိုဗစ်ကာလအတွင်း ဝမ်းရေးခက်ခဲနေကြမယ့် မိသားစုတွေအတွက် ဆန်တွေလှူဒါန်းပေးခဲ့ကြောင်း သိရပါတယ်။

ဦးကျော်ထူးဆီက ဆန်အိတ်(၂၈) အိတ်ကို ကိုယ်ပိုင်ချွေးနှဲစာနဲ့မှာယူအားပေးခဲ့ပြီး ဆန်တစ်ပြည်အိတ်တွေ ကိုယ်တိုင်ထုတ်ခဲ့ပါတယ်။ ဆန်အိတ်တွေကိုတော့ မရမ်းကုန်းမြို့နယ်၊ (၅) ရပ်ကွက်အတွင်းမှာရှိကြတဲ့ အခြေခံလူတန်းစားမိသားစု(၁၃၈) စု၊ စုစုပေါင်း လူဦးရေ(၆၀၀) ကျော် ကို လှူဒါန်းပေးနိုင်ခဲ့ပါတယ်တဲ့ ပရိသတ်ကြီးရေ.. အခုလိုလှူဒါန်းပေးတဲ့အပေါ်မှာ ပြည်သူလူထုရဲ့ ဝမ်းသာအားရဆုတောင်းပေးသံတို့ကို ပြန်ကြားခဲ့ရလို့ ကြည်နူးဝမ်းသာမိတဲ့အကြောင်းလည်း ရေးသားမျှဝေခဲ့ပါတယ်။.

ဒါ့အပြင် ဦးကျော်သူကတော့ လူသားတိုင်း ကျန်းမာချမ်းသာပြီးတော့ ကပ်ဘေးဒုက္ခမှ လွတ်မြောက်ကြစေဖို့လည်း ဆုတောင်းမေတ္တာပို့ခဲ့ပါတယ်။ လူတွေရဲ့နောက်ဆုံးခရီး ဖြောင့်ဖြူးဖို့ နာရေး အတွက် အင်တိုက်အားတိုက်ကူညီပေးနေသလို ရှင်ရေးအတွက်လည်း ကိုယ်ပိုင်ချွေးနှဲစာထဲက ဆန်တွေလှူဒါန်းပေးခဲ့တဲ့ ဦးကျော်သူရဲ့အလှူလေးကို သာဓုခေါ်ပေးခဲ့ကြပါဦးနော်။

Source – Kyaw Thu