ခင်ပွန်းဖြစ်သူရဲ့မွေးလမှာ အလှူတွေဆက်တိုက်လုပ်ပေးနေတဲ့ စမိုင်းလ်

အနုပညာ

ကုသိုလ်ရေးအတွက်ဆို လက်မနှေးတတ်သူစမိုင်းလ်ကတော့ လတ်တလောမှာလည်း ကိုဗစ်ကုသကာကွယ်ရေးအတွက် လိုအပ်တာတွေ ဆက်တိုက်လှူဒါန်းနေသလို ခင်ပွန်းဖြစ်သူရဲ့မွေးလမှာလည်း အလှူတွေခပ်စိတ်စိတ်ပြုလုပ်လာတာကို တွေ့မြင်ရမှာပါ။ ပြီးခဲ့တဲ့နှစ်တုန်းကလည်း ခင်ပွန်းဖြစ်သူရဲ့မွေးလမှာ အလှူတစ်ရက်မပျက်လုပ်ခဲ့သလို အခုနှစ်မှာလည်း လအစကတည်းက အလှူပြုလာတာဖြစ်ပါတယ်။

ကိုပြည့်မောင်ရဲ့မွေးလ ပထမဆုံးအလှူအဖြစ် (၁၀) တန်းတက်ဖို့ ခက်ခဲနေတဲ့သမီးလေးကို ထောက်ပံ့ငွေ(၅) သိန်းလှူဒါန်းပေးခဲ့ပါတယ်။ တစ်ရက်တည်းမှာပဲ နောက်အလှူတစ်ခုအနေနဲ့ ကိုပြည့်မောင်ရဲ့မွေးနေ့(၂၂) ရက်နေ့အထိ နေ့စဉ်လူတစ်ဦးကို (၁)သိန်းကျ (၂၂) ဦးလှူဒါန်းပေးသွားဦးမှာပါတဲ့ ပရိသတ်ကြီးရေ… ဒီနေ့ အောက်တိုဘာ(၂) ရက်နေ့အတွက် အလှူအနေနဲ့ကတော့ Fortune Plaza Welove Yangon Happy Covid-19 Center အတွက် ကုတင်(၁၀၀) လှူဒါန်းပေးခဲ့ပါတယ်။

ကုတင်တစ်လုံးကို ခြောက်သောင်းနှုန်းနဲ့ ကုတင်(၁၀၀) စာ သိန်း(၆၀) လှူဒါန်းပေးခဲ့ပါတယ်။ ဒါ့အပြင် စမိုင်းလ်ကတော့ ဒုတိယအကြိမ် Stay Home ကာလစတင်ကတည်းက ပရိသတ်တွေနဲ့အတူတူ အဓိဌာန်တွေဆက်တိုက်လုပ်လာခဲ့တာ ယနေ့အချိန်အထိပါပဲ.. ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်သလို ကုသိုလ်ရေးနဲ့ယှဉ်တွဲပြီးနေထိုင်နေတဲ့ စမိုင်းလ်တို့ မိသားစုလေးကတော့ တကယ်ကို လေးစားစရာ မိသားစုလေးပါပဲနော်။

Source – Smile စမိုင်းလ်