ကိုယ်တိုင် မွေးစားထားပြီး ဆေးကုသပေးနေတဲ့ သမီးလေး ဆုံးသွားပြီဖြစ်လို့ စိတ်မကောင်းဖြစ်နေတဲ့ ခိုင်နှင်းဝေ

အနုပညာ

ခိုင်နှင်းဝေကတော့ ပရဟိတအလုပ်တွေကို တစ်ဦးတည်း ကြိုးစားလုပ်ကိုင်လျှက်ရှိတာ တွေ့ရပါတယ်။ ခိုင်နှင်းဝေကတော့ Covid ကာလအတွင်းမှာလည်း ပရဟိတအလုပ်တွေ ဆက်တိုက် ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ အဲဒီနောက် သူမရဲ့ ရင်သွေးလေးတွေရဲ့ ဂေဟာမှာလည်း ကလေးတွေကို ကိုယ်တိုင်စောင့်ရှောက်ပေးနေတယ်လို့ သိရပါတယ်။

ဒီနေ့မှာတော့ ခိုင်နှင်းဝေဟာ HIV ကူးစက်ခံ နှစ်လသားကလေးငယ်လေးဆုံးပါးသွားလို့ စိတ်မကောင်းဖြစ်နေပါတယ်။ ခိုင်နှင်းဝေက “သမီးလေး ဆုံးသွားပါပီရှင်.😞😞 မွေးရာပါ တီဘီရောဂါ ၊HIVရောဂါ ကြောင့် မနေ့ညက (၁၁:၂၇)မိနှစ်မှာပဲ ရန်ကင်းကလေးဆေးရုံကြီးမှာ ဆုံးသွားပါတယ်..သမီးလေး အတွက် သက်ပျောက်ဆွမ်း ကပ်ပေးပြီး ရေစက်ချ အမျှဝေပေးခဲ့ပါတယ်..ကောင်းရာမွန်ရာ ရောက်ရှိပါစေ… နောင် သံသရာမှာ ပြန်တွေ့ခဲ့ရင် ဒီလို အဖြစ်မျိုးနဲ့ မတွေ့ရပါစေနဲ့လို့ ဆုတောင်းပါတယ် သမီးရေ…အမျှ အမျှ အမျှ 🙏🏼🙏🏼🙏🏼” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။

ခိုင်နှင်းဝေက သမီးလေးအတွက် သက်ပျောက်ဆွမ်းကပ်ပြီး အမျှဝေပေးခဲ့တာပဲဖြစ်ပါတယ်။ သမီးလေးနောက်ဘဝမှာ ဒီလို အဖြစ်မျိုးနဲ့ မတွေ့ပါစေနဲ့လို့ဆုတောင်းပေးလိုက်ပါတယ်။