ကိုဗစ် နဲ့ပတ်သက်ပြီး စိတ်ပူကြတာဟာ သူဋ္ဌေးနဲ့ ဆင်းရဲသား အတူတူပါပဲ လို့ ပြောလာတဲ့လွင်မိုး

အနုပညာ

ပရိသတ်ကြီးရေ လွင်မိုးကတော့ တစ်ခေတ်တစ်ခါကပရိသတ်တွေတခဲနက်အားပေးခဲ့ရတဲ့ မင်းသားကြီးတစ်လက်ပါ။အခုချိန်ထိလည်း အနုပညာခြေလှမ်းတွေကြဲသွားပေမယ့်လည်း ချစ်တဲ့ပရိသတ်တွေကတော့ အားပေးဝန်းရံလျက်ရှိဆဲပဲ ဖြစ်ပါတယ်။

သတင်းတင်ဆက်သူမေသူနဲ့ အိမ်ထောင်ကျပြီး သမီးချောလေးနှစ်ယောက်ကိုပိုင်ဆိုင်ထားတဲ့ သူဖြစ်ပြီး အခုဆိုရင် ချစ်စရာကောင်းတဲ့ မြေးဦးလေးကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်နော်။ မြန်မာနိုင်ငံကပုရိသတွေ တခဲနက်အားပေးဝန်းရံရတဲ့ သမီးကြီး ယွန်းဝတီလွင်မိုးကတော့ အဖေ့ခြေရာကိုနင်းကာ အနုပညာအလုပ်တွေကိုလည်း ရရင်ရသလိုအချိန်ပေးကာ လုပ်ကိုင်နေသူဖြစ်ပေမယ့် သမီးငယ်လေးယွန်းနဒီလွင်မိုးကတော့အနုပညာဘက်ကိုစိတ်မဝင်စားဘဲ ပညာရေးနဲ့ စီးပွားရေးဘက်ကိုပဲ အာရုံစိုက်မယ်လို့တရားဝင်ဖြေကြားထားတာပါပဲနော်။

လွင်မိုးကတော့ အခုလို Covidကာလမှာ ရရင်ရသလို နိုင်သလောက်အလှူတွေဆက်တိုက်ပြုလုပ်နေသူပါ။ ဒါ့အပြင်ပရိသတ်တွေအတွက်သတိပေးစကားလည်းအမြဲ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြလေ့ရှိတာပါ။ဒီနေ့မှာလည်း “တခွန်းတည်း​ပြောမယ်”သူဌေးနဲ့ဆင်းရဲသားစိတ်ပူတာ..အတူတူပဲ”ဆိုပြီး ပြောလာခဲ့တာပါ။  ပရိသတ်တွေလည်း လွင်မိုးနဲ့အတွေးချင်းတူရင်မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။