ယနေ့ဖောင်ကြီး သရဖီဆောင်က ရောဂါအခံမရှိပဲ ကိုဗစ်နဲ့ဆုံးသွားတဲ့ လူနာကိုစိန်ဝင်း အကြောင်းလေး ပြောပြပါ့မယ်

သတင်း

နေ့လယ် က တင်လိုက်တဲ့ ဖောင်ကြီး၊ သရဖီ ဆောင်က ဆုံးသွားတဲ့ လူနာ ကိုစိန်ဝင်း အကြောင်း လေး ပြောပြပါ့မယ်။ ကိုစိန်ဝင်း ကပြည်တွင်း ကုမ္ပဏီ တစ်ခုရဲ့ GM (အထွေထွေမန်နေဂျာ)ပါ။
အသက်က ၃၄ နှစ်ပါ။ သူက ကျန်းမာရေး လိုက်စားပြီး သူ့ကိုယ်သူ အမြဲ ဂရုစိုက်တဲ့ အပြင် ဝန်ထမ်း တွေ အပေါ်မှာ လည်း နွေးထွေးတဲ့ ခေါင်းဆောင် ကောင်းဖြစ်ပါတယ်။

ခေါင်းဆောင်မှုစွမ်းရည် ကော နှလုံးရည် ကော ကောင်းမွန်တာကြောင့် ဝန်ထမ်းတွေ သူ့ကို သိပ်ချစ်ကြပါတယ်။ ကိုစိန်ဝင်းဟာဒီနေ့ ၁ နာရီ ၄၀ မိနစ် မှာတော့ ကိုဗစ် ဗိုင်းရပ်စ် ကြောင့်အသက်ဆုံးရှုံးသွားရပါပြီ။

သူ့ရဲ့ နွေးထွေးမှုတွေ ၊ ပေးဆပ်မှုတွေ၊ အရည်အချင်းတွေ ကို သူ့ဝန်ထမ်းတွေ ၊သူနဲ့ အလုပ်တွဲလုပ်တဲ့ သူတွေက တစ်ဦးပြီး တစ်ဦး ကျွန်တော့်ကို ဖုန်းဆက်ကြပါတယ်။၃၄ နှစ်ဆိုတာ ပြောရမယ်ဆိုရင်လူငယ်ပဲ ရှိပါသေးတယ်။မြန်မာနိုင်ငံ လူငယ်မူဝါဒ ရဲ့ ပြဌာန်းချက်အရ အသက် ၃၅ နှစ်အထိ လူငယ် ပါ။အဲ့ဒီတော့ကိုစိန်ဝင်းဟာ ကျန်းမာရေး လိုက်စားသူ တစ်ဦးဖြစ်ပြီး ရောဂါ အခံ လည်းမရှိဘဲ အခုလိုအသက်ဆုံးရှုံးသွားတာဟာ တကယ့်ကို ကြောက်စရာပါ။

Continued vigilance called for in coronavirus fight in Myanmar | Mizzima Myanmar News and Insight

ဒီလို လူတော်မျိုးကို ဆုံးရှုံးလိုက်ရတာဟာလည်းတကယ့်ကို ကြီးမားတဲ့ ဆုံးရှုံးမှုပါ။ဒီစာလေး ရေးတင်ရတဲ့ အဓိကရည်ရွယ်ချက်ကတော့ ကျွန်ဝောာ် တို့ နိုင်ငံမှာ ၊ကျွန်တော်တို့ လူ့အဖွဲ့အစည်း မှာ ကိုစိန်ဝင်း လို လူတော်‌လူကောင်းတွေဘနောက်ထပ် ထပ်ပြီး မဆုံးရှုံးရအောင်ပါ။အိမ်ထဲမှာနေပါ ။ကို‌‌ဗစ်က တကယ်သေပါတယ်။

Credit….#မင်းရသ

RIP ပါ ကိုစိန်ဝင်းရေ အမြဲအမှတ်ရနေပါ့မယ်