ကိုဗစ်ကာလပြီးဆုံးတဲ့အထိ သူပိုင်တိုက်ခန်းတွေက အိမ်ငှားတွေကို အခမဲ့နေထိုင်ခွင့်ပေးလိုက်တဲ့ ဒိန်းဒေါင်

အနုပညာ

ကိုဗစ်ကာလမှာ စီးပွားရေးအခြေအနေတွေ ကျဆင်းခက်ခဲနေပြီး စားဝတ်နေရေးကျပ်တည်းတာကို စာနာတာကြောင့် ကိုဗစ်ကာလပြီးဆုံးတဲ့ထိ သူပိုင် ရန်ကုန်က တိုက်ခန်းတွေကို ငှားရမ်းနေထိုင်သူတွေအနေနဲ့ အိမ်ငှားခတွေ ပေးရန်မလိုတော့ကြောင်း ဟာသသရုပ်ဆောင်လူရွှင်တော် ဒိန်းဒေါင်က ပြောပါတယ်။

အောက်တိုဘာ ၁၀ ရက်ကစပြီး ကိုဗစ်ကပ်ရောဂါကာလပြီးဆုံးတဲ့အထိ အိမ်ငှားခတွေကို မယူတော့ဘဲ မေတ္တာနဲ့အခမဲ့နေထိုင်ခွင့်ပေးမယ်လို့လည်း သူက ရှင်းပြပါတယ်။

ဒါ့အပြင် လူရွှင်တော်ဒိန်းဒေါင်ဟာ ဒီကာလမှာ ရန်ကုန်မြို့တွင်း ဘုန်းတော်ကြီးကျောင်း၊ သီလရင်ကျောင်းတွေ အပါအဝင် ကိုဗစ်ကြောင့် စားဝတ်နေရေးကျပ်တည်းနေတဲ့အခြေခံလူတန်းစားတွေအတွက် စားနပ်ရိက္ခာတွေကို တခြားအလှူရှင်တွေရဲ့ပံ့ပိုးကူညီမှုနဲ့အတူ လှူဒါန်းပံ့ပိုးလျက်ရှိပါတယ်။