ဒိန်းဒေါင်ရဲ့ ချွန်တွန်း ပရဟိတမှာ သုံးသိန်း ပါဝင်အားဖြည့်ပေးခဲ့တဲ့ မြင့်မြတ်

အနုပညာ

လတ်တလော ဒိန်းဒေါင်ရဲ့ပရဟိလှုပ်ရှားမှုတွေကတော့ မြင်သူတိုင်း ကြည်နူးပီတိဖြစ်စရာပါ။ အလှူရှင်တွေ လှူဒါန်းပေးလိုက်တဲ့ အလှူပိုက်ဆံတွေကို အောက်ခြေလူတန်းစား တကယ်ခက်ခဲနေတဲ့သူတွေဆီအရောက် ကိုယ်တိုင်လိုက်လံလှူဒါန်းပေးနေတဲ့သလို ပရိသတ်ကြီးလည်း ကြည်နူးသဒ္ဓါပွားစေဖို့ နေ့စဉ်မျှဝေပေးလျက်ရှိပါတယ်။

အခုလို ဒိန်းဒေါင်ရဲ့ချွန်တွန်းပရဟိတမှာ ရုပ်ရှင်သရုပ်ဆောင်မြင့်မြတ်ကတော့ သုံးသိန်းပါဝင်လှူဒါန်းပေးခဲ့ပါတယ်။ မြင့်မြတ်ကတော့ မြန်မာနိုင်ငံမှာကိုဗစ်ကပ်ရောဂါစတင်ကတည်းက လိုအပ်နေတဲ့နေရာတွေကို ဆက်တိုက်ကူညီနေသူပါ။ မနေ့ကလည်း ရုပ်ရှင်စက်မှုသာရေးနာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအသင်းကို အလှူငွေဆယ်သိန်းလှူဒါန်းပေးခဲ့သလို ဒီနေ့မှာလည်း ဒိန်းဒေါင်ရဲ့ချွန်တွန်းပရဟိတအလုပ်တွေအတွက် သုံးသိန်းလှူဒါန်းပေးခဲ့တာပဲ ဖြစ်ပါတယ်။

ချွန်းတွန်းပရဟိတရဲ့ထုံးစံအတိုင်း မြင့်မြတ်လှူဒါန်းပေးလိုက်တဲ့ပိုက်ဆံတွေကတော့ တကယ့်ကို ခက်ခဲနေတဲ့ ဟိုးအောက်ခြေက လူတွေဆီအထိ ရောက်သွားမှာမို့ တကယ်ကိုအကျိုးများမယ့် ကုသိုလ်ပါပဲ ပရိသတ်ကြီးရေ… အခုလို ရိုက်ကူးရေးတွေရပ်နားထားရပြီး ဝင်ငွေမရှိချိန်မှာတောင် အလှူရှင်တွေရဲ့ဒါနကို ထိထိရောက်ရောက်ဖြစ်အောင် ကိုယ်တိုင်လှူဒါန်းပေးနေတဲ့ ဒိန်းဒေါင်နဲ့ သူ့ရဲ့အလှူကို ပါဝင်အားဖြည့်ပေးခဲ့တဲ့ မြင့်မြတ်တို့မိသားစုအတွက် သာဓုခေါ်ပေးခဲ့ကြပါဦး ပရိသတ်ကြီးရေ..

Source – Myat Wai Tun