ပရိသတ်တွေအတွက် ပျော်စရာဟာသလေးတွေအမြဲမျှဝေပေးနေသူ မိတ်ကပ်ဖန်တီးရှင် ညီညီမောင်(စမ်းချောင်း) ကတော့ ဒီနေ့မှာ ငယ်ဘဝပုံရိပ်လေးတွေနဲ့အတူ ကလေးဘဝကတည်းက အခုလိုမိန်းမလျာစိတ်ဖြစ်ခဲ့ကြောင်းကို မျှဝေလာပါတယ်။ ဇာတိကတော့ ပြတာပဲ ကလေးဘဝကတည်းက.. ပို့စ်တွေကိုမေးလိုက်တော့ ငယ်ခြောက်မလေးပါနော် ဆိုပြီး ကလေးဘဝက ဓာတ်ပုံလေးတွေကို မျှဝေခဲ့ပါတယ်။
ညီညီမောင်ကတော့ မြန်မာနိုင်ငံရဲ့နာမည်ကြီးမိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်တာနဲ့အညီ သူ့ဘဝဖြစ်တည်မှုကို ဝေဖန်တိုက်ခိုက်သူတွေ အမြဲလိုလိုကြုံတွေ့နေရပေမယ့် ပရိသတ်အတွက် ပျော်စရာတွေသာ ဖန်တီးပေးလိုစိတ် အပြည့်ရှိသူတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ သူ့ဘဝရပ်တည်ချက်နဲ့ပတ်သက်ပြီး ပြောလာတဲ့သူတွေကိုလည်း ဘယ်သူကတော့ ခြောက်ချင်မှာလဲနော်.. မိန်းမဆိုလည်း မိန်းမစစ်စစ်၊ ယောက်ျားဆိုလည်း ယောက်ျားစစ်စစ် ဖြစ်ချင်ကြမှာပါ.. ဘာသာတရားအရ ဝဋ်ကြွေးပါလို့ အခြောက်ဖြစ်တယ်လို့ ပြောကြပေမယ့် ကျွန်မကျေနပ်တယ် မြတ်နိုးတယ် ဆိုပြီးတော့လည်း သူ့ခံယူချက်ကို မျှဝေခဲ့ပါတယ်။
သုသုကတော့ လူတော်တော်များများ ဝေဖန်တတ်ကြတဲ့မိန်းမလျာဘဝမျိုးပေမယ့် ပုံမှန်ယောက်ျား၊မိန်းမတွေထက် မိသားစုကို ပိုလုပ်ကျွေးနိုင်နေတဲ့အပြင် သူတတ်တဲ့မိတ်ကပ်ပညာနဲ့လည်း တပည့်တွေအများကြီးအသက်မွေးဝမ်းကျောင်းနိုင်ဖို့ မွေးထုတ်ပေးနိုင်ခဲ့သူပါ။ သူတတ်တဲ့ပညာနဲ့ လောကကြီးကိုအလှဆင်နိုင်သူ၊ အလှူအတန်းတွေလည်း နိုင်သလောက်လုပ်နိုင်သူမို့ သုသုကတော့ ကိုယ့်ဘဝကိုယ် ဂုဏ်ယူကျေနပ်မိပါတယ်တဲ့ ပရိသတ်ကြီးရေ..
Source – Nyi Nyi Maung