Live လွှင့်ပြီးဈေးရောင်းလို့ရတဲ့ အနုပညာကြေး (၁၅)သိန်းကို Covid-19 အတွက်လှူဒါန်းခဲ့တဲ့ မေလသံစဉ်

အနုပညာ

Covid-19 နဲ့ပတ်သက်ပြီး အနုပညာရှင်အသီးအသီးက မိမိတို့တတ်အားသမျှပါဝင်ကူညီပြီး လှူဒါန်းမှုတွေ ပြုလုပ်လျက်ရှိပြီး လတ်တလောမှာတော့ ပရိသတ်အချစ်တော် အဆိုတော်မလေး မေလသံစဉ်ကလည်း တစ်ထောင့်တစ်နေရာက ပါဝင် လှုပ်ရှားလာခဲ့ပါတယ် ။ Quarantine Center တွေမှာ Q အရေအတွက်နဲ့ Volunteer အင်အားမမျှတာအခက်အခဲတွေဖြစ်နေကြတာ သတင်းတွေတက်လာတော့ မေလ တထောင့်တနေရာက ဘယ်လိုကူညီပံ့ပိုးပေးနိုင်လဲလို့ စဉ်းစားပြီးလှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါတယ် ။

လတ်တလောမှာလည်း ရွှေသမီးရွှေဆိုင် Live လွှင့်ဈေးရောင်းလို့ ရတဲ့ အနုပညာကြေး ၁၅ သိန်းကို Covid-19 ကာကွယ် ကုသ တိုက်ဖျက်ရေးအတွက် လှူဒါန်းဖြစ်ခဲ့ကြောင်းကိုသူမရဲ့ လူမှုကွန်ရက်စာမျက်နှာထက်ကနေ ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ တကယ်တော့ Live လွှင့်ပြီးဈေးရောင်းရတာ သူမ အသက်အရွယ်နဲ့ ပင်ပန်းတယ်လို့ ခံစားရပြီး Live တစ်လျှောက်လုံးလည်း အမှားမရှိအောင် ဂရုစိုက်ရတော့ စိတ်ရော လူပါ မောပါတယ်လို့ သူမ ရဲ့ခံစားချက်လေးကိုလည်း ပရိသတ်တွေကို ပြောပြခဲ့ပါသေးတယ် ။

Liveလွှင့် ဈေးရောင်းတာ မလုပ်ချင်ပေမယ့် အလှူအတွက်ဆိုပြီး အားတင်းလုပ်ခဲ့ရတာ မေလရဲ့we love သံမဏိလေးတွေ နားလည်ပေးစေချင်ပါတယ် လို့လည်း သူမရဲ့ဖန်တွေကို အသိပေးခဲ့ပါတယ် ။ မေလသံစဉ်ရဲ့ အလှူလေးကို တစ်ဦး တစ်ယောက်မကျန် ကုသိုလ် ထပ်တူ ရကြစေဖို့အတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော် ။

Source :May Meloday