မှားယွင်းစွာ ဝေဖန်စွပ်စွဲခံခဲ့ရတဲ့ Project K အဖွဲ့ဘက်က ရပ်တည်ပေးခဲ့သူတိုင်းကို ကျေးဇူးတင်စကားဆိုခဲ့တဲ့ ချမ်းမြေ့ဦး

အနုပညာ

ကိုရီးယားနိုင်ငံမှာ ပထမဆုံးအနေနဲ့ Asia Song Festival 2020 ပွဲကြီးမှာ မြန်မာနိုင်ငံအနေနဲ့ ပထမဆုံးသွားဖျော်ဖြေရတဲ့ပွဲလေးမှာ Project-K အဖွဲ့ကသွားရောက်ဖျော်ဖြေခဲ့ပြီး သူတို့ဖျော်ဖြေတင်ဆက်တဲ့ စင်ရဲ့ ကြမ်းခင်း LED မှာရွှေတိဂုံစေတီပုံကို ထည့်ထားတာကြောင့် ပရိသတ်တွေဆီက ဝေဖန်မှုတွေ အများကြီးထွက်ပေါ်လာခဲ့ပါတယ် ။ အဲ့ဒီလိုဝေဖန်မှုတွေအတွက် အမှန်တရားကို ပရိသတ်တွေ ကို ပြန်လည်ဖြေရှင်းခဲ့ပြီးဖြစ်ပါတယ် ။

လတ်တလောမှာတော့ Project-K အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ ချမ်းမြေ့ဦးက အခုချိန်ထိ ကျွန်တော်တို့ဘက်က မားမားမတ်မတ်ရပ်တည်ပေးနေတဲ့ အနုပညာရှင် ညီအစ်ကိုမောင်နှမများ ( Stage ပေါ်မှာ Pressure ဘယ်လောက်များလဲ ဆိုတာ သိတဲ့သူတွေ ၊ တချို့သူတွေဆို ကိုယ်နဲ့သိပ်မရင်းနှီးဘဲနဲ့တောင် သူတို့ရဲ့ Pressure တွေကို သိလို့ သူတို့ဘက်ကရပ်တည်ပေးခဲ့ကြသလို မီဒီယာအသီးသီးက သူတွေနဲ့ Acc တွေ Page တွေကနေတဆင့် ပြန်လည်ရှင်းပြရပ်တည်ပေးကြသူတိုင်းကို ကျေးဇူးတင်ရှိကြောင်း သူ့ရဲ့မိုင်ဒေးကနေတဆင့် ရေးသားဖော်ပြခဲ့ပါတယ် ။

အထင်မြင်လွဲမှားနေတဲ့ ပရိသတ်တွေလည်း သေချာ ပြန်လည်ရှင်းပြခဲ့ကြပြီး သူတို့အဖွဲ့ရဲ့ အမာခံဖန်တွေကလည်း သူတို့ရဲ့ အကောင့်တွေကနေတဆင့် ထပ်မံရှင်းပြပေးခဲ့ကြတဲ့အတွက် ပရိသတ်တွေအားလုံးလည်း နားလည်ကြလိမ့်မယ်လို့ထင်ပါတယ်နော် ။

Source : Chan Myae Oo