မြန်မာရုပ်ရှင်နှစ်(၁၀၀) ပြည့်ဂုဏ်ပြုတေးသီချင်းသီဆိုမှုမှာ ကိုယ် မပီတဲ့စာလုံးလေးတွေပါနေလို့ မနည်းအသံသွင်းယူခဲ့ရတယ်ဆိုတဲ့ နေတိုး

အနုပညာ

ပရိသတ်ကြီးရေ မနေ့ကအောက်တိုဘာ(၁၃) ရက်နေ့လေးကတော့ ဟိုးအရင် အသံတိတ်ခေတ် စာတန်းထိုးပြီး တီးဝိုင်းနဲ့ပြသခဲ့ရချိန်ကတည်းကနေ ယနေ့အချိန်အထိ မြန်မာ့ရုပ်ရှင်အခိုင်အမာရပ်တည်လာခဲ့တဲ့ နှစ်(၁၀၀) ပြည့်နေ့လေးပါ။ ဒီနေ့လေးကိုတော့ အနုပညာရှင်တိုင်း ပါဝင်ဆင်နွှဲနိုင်ဖို့ တန်ဖိုးထားစောင့်မျှော်ခဲ့ကြသလို နှစ်တစ်ရာပြည့်အတွက် ဂုဏ်ပြုတေးသီချင်းကိုလည်း အကောင်းမွန်ဆုံးရေးစပ်သီကုံးကာ အနုပညာတွေအတူတူ ဂုဏ်ပြုသီဆိုထားပါတယ်။

မြန်မာ့ရုပ်ရှင်နှစ်(၁၀၀) ပြည့်ဂုဏ်ပြုသီချင်းလေးကိုတော့ ပုံရိပ်လှလှ မြန်မာရုပ်ရှင် လို့အမည်ပေးထားပြီး တေးရေးမင်းချစ်သူက ရေးသားထားကာ ရန်အောင်၊ နေတိုး၊ ရာဇာနေဝင်း၊ နန်းဆုဦး၊ နန်းခင်ဇေယျာနဲ့ ယဉ်လတ်တို့ ပါဝင်သီဆိုထားပါတယ်။ နေတိုးကတော့ ဒီဂုဏ်ပြုတေးသီချင်းလေးနဲ့ပတ်သက်ပြီး မြန်မာ့ရုပ်ရှင်နှစ်(၁၀၀)အတွက်ဂုဏ်ပြုသီချင်းလေးဆိုပေးဖို့အခွင့်အရေးရခဲ့ပါတယ် …. သီဆိုတဲ့နေရာမှာ ကျွန်တော်မပီတဲ့စကားလုံးလေးတွေတော်တော်များများပါဝင်နေတော့ မနည်းအသံသွင်းယူရခဲ့ရပါတယ် ကျွန်တော့်စိတ်ထဲပီတယ်ထင်ပေမယ့် ဝဲနေတုန်းပဲလို့တော့ထင်ပါတယ် ရတဲ့အချိန်အတွင်းအကောင်းဆုံးဖြစ်အောင်တော့ကြိုးစားထားပါတယ်ခင်ဗျာ… ဝဲနေတုန်းပဲဆိုရင်လည်း ဝဲဝဲလေးကိုပဲသည်းခံပြီးနားဆင်ပေးကြပါခင်ဗျာ.. အားလုံးကိုကျေးဇူးအထူးတင်ပါတယ် ဆိုပြီး သူ့ရဲ့သီဆိုမှုအပိုင်းနဲ့ပတ်သက်ပြီး မျှဝေလာပါတယ်။


နေတိုးကတော့ တိုင်းရင်းသားတစ်ယောက်မို့ စကားပြောရာမှာ တချို့စကားလုံးတွေမပီသလို ဒီသီချင်းလေးမှာလည်း သူမပီတဲ့စကားလုံးတွေ တော်တော်များများ ပါနေတာကြောင့် ရတဲ့အချိန်တိုလေးအတွင်းမှာ အကောင်းဆုံးကြိုးစားပြီး သီဆိုထားတာပါတဲ့ ပရိသတ်ကြီးရေ.. ခေတ်အဆက်ဆက် အစဉ်အလာကြီးမားစွာဖြဖတ်သန်းခဲ့တဲ့ မြန်မာ့ရုပ်ရှင်ရဲ့ပုံရိပ်တွေကို ဒီဂုဏ်ပြုတေးသီချင်းတစ်ပုဒ်ထဲမှာ အကုန်လုံးသိမြင်ခံစားနိုင်မှာမို့ ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source – Nay Toe