ဒုတိယကလေးလေးမွေးပြီးချိန်မှာလည်း မပြောင်းလဲဘဲ ထပ်ချစ်ပေးကြဖို့ တောင်းဆိုလိုက်တဲ့ မိုးယုစံ

အနုပညာ

ပရိသတ်ရဲ့အချစ်တော်မိုးယုစံကတော့ အနုပညာအလုပ်တွေရပ်နားကာ သာယာချမ်းမြေ့တဲ့မိသားစုလေးကို အချိန်ပေးတည်ဆောက်နေသူဖြစ်ပေမယ့် အားပေးနေတဲ့ပရိသတ်တွေနဲ့လည်း အဆက်သွယ်မပြတ်အောင် လူမှုကွန်ရက်ပေါ်မှာ ဓာတ်ပုံလေးတွေ၊ တနေ့တာအကြောင်းအရာလေးတွေ မျှဝေပေးလေ့ရှိသူပါ။

လွန်ခဲ့တဲ့လပိုင်းက ဒုတိယမြောက်ကိုယ်ဝန်လွယ်ထားရပြီဖြစ်ကြောင်း ပရိသတ်ကိုသတင်းကောင်းလေးပေးခဲ့သလို ဒီနေ့မှာတော့ ပထမကိုယ်ဝန်ဆောင်တုန်းကတည်းက မပြောင်းလဲဘဲချစ်ပေးကြတဲ့ပရိသတ်တွေကို အခုဒုတိယကိုယ်ဝန်မှာလည်း ဆက်ချစ်နေပေးဖို့ တောင်းဆိုခဲ့ပါတယ်။ မေမေ ဖြစ်ပီဆိုရင် အရင်လို ပြန်လှဖို့ကို အချိန်တော်တော်ယူရတော့မယ် ပထမသားသားမွေးတုန်းက ကံကောင်းတဲ့မေမေဖြစ်သွားလို့ ပေါင်(၅၀) လောက်တတ်သွားတာ ဘာမှမလုပ်လိုက်ရဘဲ သူ့ဘာသာပိန်သွားလို့ ခုတခါလည်းကံကောင်းတဲ့မေမေဖြစ်ချင်ပါတယ် မေမေဖြစ်သွားလည်းမပြောင်းလဲဘဲ ချစ်ခင်တဲ့သူတွေရှိတာလည်းလိုချင်ပါသေးတယ်လို့ ဆိုပြီး ရေးသားမျှဝေခဲ့ပါတယ်။

အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်ချိန်မှာ ပုံမှန်ထက် ပိုဝလာတာ၊ စိတ်ဖိစီးမှုကြောင့် ရုပ်ကျတာ၊ မွေးပြီးချိန်မှာလည်း အရင်လိုခန္ဓာကိုယ်အတိုင်းပြန်ရဖို့ မလွယ်ကူတာမျိုးတွေကတော့ ကြုံရစမြဲပါ။ မိုးယုစံကတော့ ပထမကိုယ်ဝန်တုန်းက ကံကောင်းတဲ့မေမေ ဖြစ်ခဲ့တာမို့ အခုတစ်ခေါက်မှာလည်း ကံကောင်းတဲ့မေမေ ထပ်ဖြစ်ချင်ပါတယ်တဲ့ ပရိသတ်ကြီးရေ.. ဘယ်လိုပဲ ဖြစ်ဖြစ် ပရိသတ်ကြီးက မိုးယုစံကို အချစ်မလျော့မှာ အသေအချာပါ မဟုတ်လားနော်။

Source – Moe Yu San