ဒဂုံဆိပ်ကမ်းဘက်က အခြေခံလူတန်းစားတွေအတွက် နှစ်ပတ်ဆက်တိုက်အလှူပြုလုပ်ပေးသွားမယ့် မေလသံစဉ်

အနုပညာ

နားဝင်ချိုအေးတဲ့အသံလေးနဲ့ သီချင်းတွေ သီဆိုကာ ပရိသတ်အားပေးမှုအထူးရရှိခဲ့သူ မေလသံစဉ်ကတော့ လတ်တလောမှာ Live လွှင့်ဈေးရောင်းရင်းရလာတဲ့ အနုပညာကြေးတွေနဲ့ အလှူဒါနတွေဆက်တိုက်ဆိုသလို ပြုလုပ်လျက်ရှိပါတယ်။ မေလကတော့ အခုလိုကာလမှာ အပြင်မထွက်ဘဲ အိမ်ထဲမှာပဲနေဖို့ဆုံးဖြတ်ခဲ့ပေမယ့် လိုအပ်နေသူတွေကို လှူဒါန်းချင်တဲ့စိတ်ကြောင့် အလုပ်တွေလက်ခံကာ ရည်ရွယ်ထားတဲ့အလှူလေးတွေ အထမြောက်အောင် လုပ်ဆောင်နေသူပါ။

Lily ဖိနပ်မှရတဲ့ အနုပညာကြေး(၁၂) သိန်းကို ရိုးမကုသရေးစင်တာအတွက်၊ စိန်နန်းတော် Photo Shoot ကရတဲ့အနုပညာကြေးထဲက (၇) သိန်းကို ကိုဗစ်ကုသရေးအတွက် လိုအပ်တဲ့ PAPR စက်တစ်လုံး၊ ရွှေမင်းသမီး ရွှေဆိုင် မှ ရတဲ့အနုပညာကြေး(၁၅)သိန်းကို We Love Yangon အဖွဲ့အတွက် တစ်လအတွင်းမှာ အသီးသီးလှူဒါန်းပေးနိုင်ခဲ့တဲ့အပြင် အိုကေဒေါ်လာနဲ့အတူတူ လှူဒါန်းမှုပြုလုပ်ဖို့လည်း စီစဉ်နေပါတယ်။ မနေ့က ဒဂုံဆိပ်ကမ်းမြို့နယ်မှာနေထိုင်တဲ့အခြေခံလူတန်းစားတွေအတွက်ကတော့ Treasure Star Gems And Jewellery Live လွှင့်ဈေးရောင်းပြီးရတဲ့အနုပညာကြေးနဲ့ လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ် ပရိသတ်ကြီးရေ…

ဒဂုံဆိပ်ကမ်းမြို့နယ်က အခြေခံလူတန်းစားတွေအတွက် သွားရောက်လှူဒါန်းပေးရာမှာတော့ တကယ်မျက်မြင်ကိုယ်တွေ့ သွားလှူတဲ့အချိန်မှာ ထပ်လှူစရာအိမ်တွေအများကြီးရှိသေးကြောင်း သိရတာမို့ နောက်တစ်ပတ်မှာလည်း အခုလိုပဲထပ်လှူသွားမှာဖြစ်ကြောင်း မျှဝေခဲ့ပါတယ်။ မေလကတော့ သူ့ရဲ့အလှူလေးပြီးပြည့်စုံအောင် ပံ့ပိုးပေးခဲ့ကြတဲ့ အလုပ်အတူတူလုပ်နေတဲ့ ကုမ္ပဏီများကိုလည်း ကျေးဇူးတင်စကားဆိုရင်း လိုက်လံလှူဒါန်းပေးခဲ့တဲ့ အမာခံ we love သံမဏိ ပရိသတ်ကြီးကိုလည်း ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

Source – မေလသံစဉ် May Melody