မကွယ်လွန်ခင် ခင်ပွန်းဖြစ်သူအတွက် ဝမ်းနည်းစရာ နောက်ဆုံးစာလေးတစ်စောင်ရေးသားထားခဲ့တဲ့ မီးမီးခဲ

အနုပညာ

အဆိုတော် မီးမီးခဲဟာ မကြာသေးခင် ရက်ပိုင်းကပဲ ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။ အရွယ်နဲ့မလိုက်အောင် ရောဂါဝေဒနာခံစားခဲ့ရတဲ့အတွက် အနုပညာရှင်များနဲ့ ပရိသတ်များကပါ ဝမ်းနည်းကြေကွဲခဲ့ကြရတာပါ။ မီးမီးခဲဟာ မကွယ်လွန်ခင်မှာ သူမချစ်တဲ့ပရိသတ်တွေအတွက် နောက်ဆုံးသီချင်းလေးတစ်ပုဒ်ကို ဆေးရုံမှာဘဲ အသံသွင်းခဲ့တာပဲ ဖြစ်ပါတယ်။

မကြာသေးခင် နာရီပိုင်းလောက်ကလည်း သူမရဲ့ ခင်ပွန်းဖြစ်သူက မီးမီးခဲမကွယ်လွန်ခင် နောက်ဆုံးရေးသားခဲ့တဲ့ စာလေးကို ဝေမျှပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဒါကတော့ ” မျှော်လင့်ချက် ကင်းမဲ့ချိန် ဘေးမှာ အမြဲရှိနေပေးတဲ့ ချစ်သူ ” ဆိုပြီး ရေးသားထားတာကို ဝမ်းနည်းစွာဖြင့် ထုတ်ပြလာတာပဲ ဖြစ်ပါတယ်။

သူကလည်း ” အယ်တုန်းရေ အယ် ကျွန်‌တော့်အတွက် ဒီစကားလေးကို‌ နောက်ဆုံး ရေးခဲ့ပေးတယ်(မျှော်လင့်ချက်ကင်းမဲ့ချိန်မှာ ဘေးမှာ အမြဲရှိနေပေးတဲ့ ချစ်သူ) တဲ့။ အခု အယ်က ကျွန်တော့် ဘေးမှာ မရှိတော့ဘူး။ဒါပေမယ့် အယ်ကျွန်တော့် အတွက်ရေးပီးဆိုထားတဲ့ (ငါ့ရဲ့မျက်ဝန်းညို) သီချင်းလေးလိုပဲ တစ်သက်လုံး ကျွန်တော်က အယ့် ရင်ဘတ်ထဲက မျက်ဝန်းညိုပါ I LOVE YOU SO MUCH EH” လို့ ရေးသားထားတာလေးကို ပရိသတ်တွေအတွက် တစ်ဆင့် ပြန်လည် ကူးယူတင်ဆက် ပေးလိုက် ရပါတယ်နော်။

Swelsone News