ကိုဗစ်လူနာများအတွက် အင်းယားစင်တာမှာ လှူဒါန်းမှုတွေပြုလုပ်ခဲ့တဲ့ ဂျူဝဲလ်

အနုပညာ

“သံစဉ်များနဲ့ကမ္ဘာ” အဆိုပြိုင်ပွဲကနေပြီးတော့ ပရိသတ်တွေရဲ့ချစ်ခင်မှုကိုရရှိထားတဲ့ အဆိုတော်တွေထဲမှာတော့ ဂျူဝဲလ်တစ်ယောက်လည်း အပါအဝင်ပါ။လက်ရှိအချိန်မှာတော့ နာမည်ရအောင်မြင်နေတဲ့အဆိုတော်တစ်ဦးဖြစ်ပြီး ဂျူဝဲလ်ကတော့ သီချင်းအေးအေးလေးတွေနဲ့အတူ ပရိသတ်တွေ သတိထားမိတဲ့အဆိုတော်တစ်ဦးလည်း ဖြစ်ပါတယ်။

အခုလိုကိုဗစ်ကာလမှာတော့ ဂျူဝဲလ်ဟာ လိုအပ်တဲ့နေရာတွေကို လှူဒါန်းဖို့ကိုလည်းမမေ့လျော့ခဲ့ပါဘူး။ ကွာရန်တင်းစင်တာတစ်ခုဖြစ်တဲ့ အင်ယားဝင်တာမှာတော့ အလှူငွေသွားရောက်လှူဒါန်းခဲ့ပါတယ်။ အင်းယားစင်တာမှလူနာတွေကျန်းမာရေး၊ ကာကွယ်ကုသရေး၊ ဆေးဝါးနဲ့ အာဟာရပြည့်စုံရေးအတွက် အလှူငွေ(၁၀)သိန်းလှူဒါန်းခဲ့တာပါ။

လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါပိုးကူးစက်မှုနှုန်းက မြင့်တက်လျက်ရှိနေတာဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းနဲ့ Volunteer တွေကကြိုးပမ်းနေသလို အလှူရှင်တွေကလည်း လှူဒါန်းလျက်ရှိနေပါတယ်။ အခုလို ကိုဗစ်လူနာတွေအတွက်လှူဒါန်းခဲ့တဲ့ ဂျူဝဲလ်တစ်ယောက် အနုပညာလောကမှာလည်းအောင်မြင်မှုများစွာရရှိပြီး အလှူအတန်းတွေလည်း ဆထက်တံပိုးလုပ်နိုင်ပါစေ…
Source : Jewel