သူမစိတ်ကူးအိမ်မက်အတိုင်း ဆောက်ထားတဲ့ ပြင်ဦးလွင်က အိမ်လေးကို ချပြလိုက်တဲ့ တက္ကသိုလ်ဂွမ်းပုံ

အနုပညာ

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို ယနေ့ချိန်ထိတိုင်အောင် ရရှိထားသူကတော့ သရုပ်ဆောင် တက္ကသိုလ်ဂွမ်းပုံပဲ ဖြစ်ပါတယ်။ သူမဟာ ဟာသသရုပ်ဆောင်တစ်ယောက်အဖြစ် ပရိသတ်တွေအမြဲရယ်မောပျော်ရွှင်အောင် သရုပ်ဆောင်သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ပီပြင်ပြောင်မြောက်တဲ့ သရုပ်ဆောင်မှုတွေကြောင့်လည်း အကယ်ဒမီထူးချွန်ဆုတစ်ဆု ရရှိပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။

ဂွမ်းပုံဟာ မကြာသေးခင်ကလည်း မန္တလေးမြို့တွင် ” ဆိုးပေ” ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲ သွားရောက်ရိုက်ကူးခဲ့တာလည်း ဖြစ်ပါတယ်။ သူမဟာ ပြင်ဦးလွင်မှာလည်း ကိုယ်ပိုင်အိမ်လေးတည်ဆောက်နေဆဲဖြစ်ပြီး မကြာခင်မှာပြီးစီးတော့မှာဘဲ ဖြစ်ပါတယ်။ ကိုယ်တိုင်ရှာဖွေစုဆောင်းထားတဲ့ ငွေကြေးတွေနဲ့ ခက်ခက်ခဲခဲတည်ဆောက်ထားတာကြောင့်လည်း အရမ်းကို အမြတ်တနိုးတန်ဖိုးထားနေတာလည်း ဖြစ်ပါတယ်။

မနေ့ညကလည်း ဂွမ်းပုံရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပုံလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ မကြာခင်မှာဆောက်လုပ်ပြီးစီးတော့မယ့်သူတို့ရဲ့ကိုယ်ပိုင်အိမ်လေးကိုကြည့်ကာ ကြည်နူးပျော်ရွှင်နေကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ပျော်ရွှင်ကြည်နူးနိုင်စေရန် ဒီပုံလေးတွေကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ပါတယ်နော်။