“ကျွန်တော့်အစ်ကို ကိုအောင်လအတွက် လာမယ့်အပတ်မှာ ကလဲ့စားပြန်ချေပါမယ်” ဆိုတဲ့ မြန်မာလက်ဝှေ့ချန်ပီယံ ဒေ့ဗ်

အနုပညာ

လက်ရှိ မြန်မာ့လက်ဝှေ့ချန်ပီယံဒေ့ဗ်ကိုတော့ အားလုံးသိမယ်ထင်ပါတယ်။ မြန်မာ့ကိုယ်စားပြုနိုင်ငံတကာပြိုင်ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်နေပြီး နိုင်ငံအလံကို လွှင့်ထူပေးနိုင်ခဲ့သူတစ်ယောက်လည်းဖြစ်တာတွေ့ရပါတယ်။ မြန်မာ့လက်ဝှေ့နဲ့ ထိုင်းရိုးရာလက်ဝှေ့နှစ်မျိုးလုံးကို ကျွမ်းကျင်ပိုင်နိုင်သူတစ်ယောက်ဖြစ်သလို လက်ရှိနိုင်ငံအဆင့်မီပြိုင်ပွဲများစွာကိုလည်း ဝင်ရောက်ယှဉ်ပြိုင်လေ့ရှိသူတစ်ယောက်လည်း ဖြစ်ပါတယ်။ မြန်မာပြည်သူတွေရဲ့ ယုံကြည်မှုနှင့်အတူ ကြိုးစားအားထုတ်မှုများစွာကိုလည်းမကြာခနပြသတက်သူတစ်ဦးလည်းဖြစ်ပါတယ်။

ဒေ့ဗ်ကတော့ ထိုင်းလက်ဝှေ့လောကမှ ကူးပြောင်းလာသူတစ်ဦးဖြစ်ပေမယ့်လည်း မြန်မာ့လက်ဝှေ့ကိုပိုမိုသဘောကျသူတစ်ယောက်ဖြစ်ပြီး လက်ဝှေ့ပညာတွေကို သူမတူအောင် လေ့လာနေသူတစ်ယောက်ဖြစ်သလို မြန်မာ့လက်ဝှေ့နဲ့ပတ်သက်ပြီး ထူးချွန်နေသူတစ်ဦးလည်းဖြစ်ပါတယ်။ မြန်မာလူမျိုးတို့ရဲ့ ဓလေ့ရိုးရာတွေကို ချစ်မြတ်နိုးပြီး မြန်မာ့လက်ဝှေ့လောကရဲ့ ဖိုက်တာများစွာထွက်ရှိတဲ့ ကရင်လက်ဝှေ့သမားများစွာနဲ့အတူ လေ့ကျင့်လျှက်ရှိပြီး ကိုယ်ပိုင်လက်ဝှေ့ရုံကိုလည်း ဖွင့်လှစ်ထားကြောင်း သိရပါတယ်။

ဒီနေ့မှာတော့ ဒေ့ဗ်က ” ကျွန်တော့်အစ်ကို ကိုအောင်လအတွက် လာမယ့်အပတ်မှာ ကလဲ့စားပြန်ချေပါမယ်။ မြန်မာ့ဂုဏ်သိက္ခာအတွက် ကျွန်တော် နိုင်ကိုနိုင်ရမယ် 🙏🇲🇲😤” ဆို့ပြီး တင်ထားတာပဲဖြစ်ပါတယ်။ ဒေ့ဗ်ကတော့ မနေ့ညက အောင်လ ရဲ့ ရှုံးပွဲအတွက် စိတ်မကောင်းဖြစ်နေတာပဲဖြစ်ပါတယ်။ ဒေ့ဗ် က အမေရိကန်နိုင်ငံသား ဆိုင်းရပ်စ် နဲ့ နိုဝင်ဘာ (၇) ရက်နေ့မှာ အမေရိကန်နိုင်ငံမှာ ထိုးရမှာပဲဖြစ်ပါတယ်။