သူ့ရဲ့ရှုံးပွဲကြောင့် ငိုနေတဲ့ ကလေးကိုကြည့်ပြီး မစ်ဒယ်ဝိတ်တန်းချန်ပီယံ ခါးပတ်ကိုပြန်လည်အရယူမယ်လို့ကတိပေးလိုက်တဲ့ အောင်လအန်ဆန်

အားကစား

ပရိသတ်ကြီးရေ မြန်မာပရိသတ်တွေရဲ့ တစ်ခဲ့နက် အားပေးချစ်ခင်ရတဲ့ နိုင်ငံဂုဏ်ဆောင် အောင်လအန်ဆန်ကတော့ အောက်တိုဘာလ ၃၀ ရက်နေ့ စင်ကာပူနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံပွဲအဖြစ် ယှဉ်ပြိုင်ထိုးသတ်တဲ့ပွဲမှာ စိန်ခေါ်သူ နယ်သာလန်နိုင်ငံသား ရိုင်နာဒီရစ်ဒါကို ပထမအချီမှာ နောက်ကျောချုပ်ကွက်နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။

မြန်မာဂုဏ်ဆောင် အောင်လအန်ဆန် ပွဲကိုတော့ မြန်မာတစ်နိုင်ငံလုံးကပရိသတ်တွေက အားပေးကြည့်ရှု့ခဲ့ပြီး ဟန်ချက်ပျက်ပြီး ချုပ်ကွက်နဲ့ ရှုံးနိမ့်ခဲ့ရတဲ့ အောင်လအန်ဆန်ကို စိတ်ဓာတ်မကျသွားအောင် အားပေးစကားတွေလည်း ပြောကြသလို ဆုတောင်းပေးတဲ့သူတွေလည်း ရှိပါတယ်။ ယနေ့မှာတော့ အောင်လအန်ဆန် က ရှုံးနိမ့်မှုကြောင်း စိတ်မကောင်းဖြစ်နေတဲ့ မြန်မာပရိသတ်တွေကို ယခုလို သူ့ရဲ့ Facebook Page လေးမှာ ရေးသားဖော်ပြလာခဲ့ပါတယ်။

“ကျွန်တော်နေကောင်းကျန်းမာပါတယ်၊ကျွန်တော့်မိသားစုလည်းနေကောင်းကျန်းမာကြပါတယ်၊ထို့အတူကျွန်တော့်အသင်းကလည်းကျွန်တော့်ကိုနောက်ကွယ်ကနေအကောင်းဆုံးထောက်ပံ့ပေးပါတယ်။ဘုရားသခင်ကကောင်းမြတ်ပါတယ်!ကျွန်တော်အသန်မာဆုံး၊အကောင်းဆုံးပုံစံနဲ့လေ့ကျင့်ပြင်ဆင် ပြန်လည်ရင်ဆိုင်ထိုးသတ်ပြီးတော့၊မစ်ဒယ်ဝိတ်တန်းချန်ပီယံ ခါးပတ်ကိုပြန်လည်အရယူမယ်လို့ကတိပေးပါတယ်။ဒီတော့ငိုကြွေးမနေပါနဲ့တော့

I’m healthy, my family is healthy and I’ve got a great team behind me. God is good! We will be back stronger and I will get that middleweight belt back! Mark my words. don’t need to cry at all.” ဆိုပြီးရေးသားထားပါတယ်။ ပရိသတ်တွေလည်း အောင်လအန်ဆန် နဲ့ ရိုင်နာဒီရစ်ဒါ တို့မကျေးပွဲနောက်ထပ် ယှဉ်ပြိုင်ထိုးသတ်ဖိုးအတွက် ကိုအောင်လကို အားပေးစကားလေးပြောပေးခဲ့ပါဦးနော်…။

Video ကြည့်ရန်