ကိုဗစ်ရောဂါနဲ့ သေဆုံးခဲ့တာမဟုတ်ပဲ ပိုတက်ဆီယမ်ကျ သွေးဖြူဥများပြီးသေဆုံးခဲ့ရတဲ့ ဇင်မောင်

အနုပညာ

အစီအစဉ်တင်ဆက်သူ ကိုဇင်မောင်(MRTV-4, Channel-7, Forever Group)ကတော့ သီတင်းကျွတ်လပြည့်နေ့ အောက်တိုဘာလ ၃၁ ရက် နံနက်အစောပိုင်း ၃ နာရီအချိန်ခန့်တွင် ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန်ခဲ့တာပဲဖြစ်ပါတယ်။

ကိုဇင်မောင်ကတော့ ကိုဗစ်ရောဂါနဲ့ သေဆုံးခဲ့တာမဟုတ်ပဲ ပိုတက်ဆီယမ်ကျ သွေးဖြူဥများပြီးဆုံးခဲ့တာပဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဇင်မောင်ကို ထိန်ပင်သုဿာန် မှာ သင်္ဂြိုလ်မှာပဲဖြစ်ပါတယ်။ “မောင်လေး ကို ယနေ့ ၂နာရီတွင်ထိန်ပင် တွင် သဂြိုဟ်ပါမည်။

ရက်လည် သောကြာနေ့တွင် ၃၁၂ ၄လွာ ကမ်းနားလမ်းကြည့်မြင်တိုင် စကားဝါပင်လမ်းနှင့်ဦးယာဉ်လမ်းနေအိမ်တွင် ပြုလုပ်ပါမည် ဆွေမျိုးများ သိစေရန်ညှိုးငယ်စွာကြေငြာအပ်ပါသည် ခန်းမကျယ်ငှါးထားပါသည် မိသားစုပဲရှ်ပါသည် လိုက်ပို့ချင်သူ သူငယ်ချင်းအနဲငယ်ခန့် ပို့ဆောင်လျင်ရမည်ထင်ပါသည် ၄ယောက် ၅ယောက် လောက်ပေါ့လေ ကိုဗစ်စည်းကမ်း နှင့်ငြိမှာလဲစိုးရိမ် သည် ညှိုးငယ်စွာဖြင့်” ဆိုပြီး အမဖြစ်သူကတင်ထားတာပဲဖြစ်ပါတယ်။

ကိုဇင်မောင်ကတော့ သေဆုံးချိန်မှာ အသက်(၃၀)သာရှိသေးပြီး ရုတ်တရက် ထွက်ခွာသွားလို့ ပရိသတ်တွေရော မိတ်ဆွေတွေကပါ စိတ်မကောင်းဖြစ်နေကြပါတယ်။ ကိုဇင်မောင် တစ်ယောက် ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။