ဒီနေ့ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုကြောင့် ပြည်သူတွေပိုစည်းလုံးဖို့ လိုနေပြီဖြစ်ကြောင်း သတိပေးလာတဲ့ မောင်မောင်အေး

အနုပညာ

ပရိသတ်ကြီးရေ ဒီနေ့အတွက် ထူးခြားသတင်းတစ်ခုအနေနဲ့ ပဲခူးတိုင်းရွေးကောက်ပွဲကော်မရှင်ရုံးနားမှာ ဗုံးပေါက်ကွဲတဲ့သတင်းကိုတော့ ပရိသတ်ကြီးလည်း သိရှိပြီးဖြစ်မှာပါနော်။ လူတစ်ယောက်မှ အထိအခိုက်မရှိပေမယ့် အခုလို မဲပေးရက်ရောက်ခါနီးမှာ ဗုံးပေါက်ကွဲခဲ့တာကြောင့် ပြည်သူတွေလည်း တော်တော်လေး ထိတ်လန့်ခဲ့တယ်လို့ ဆိုရမှာပါ။

နိုင်ငံရဲ့အနာဂတ်အတွက် အရေးကြီးတဲ့အရာဖြစ်တဲ့ ပြည်သူတစ်ဦးတစ်ယောက်ချင်းစီရဲ့ ဆန္ဒမဲကို မပျက်မကွက်သွားပေးကြဖို့ကိုတော့ အနုပညာရှင်တိုင်းက တိုက်တွန်းနေကြသလို နိုင်ငံရေးနဲ့ပတ်သက်ပြီး အမြဲတက်ကြွအသိပေးနေသူ မောင်မောင်အေးကလည်း ပဲခူးဗုံးပေါက်ကွဲမှုအပြီးမှာ ဒီလိုဖြစ်ရပ်တွေထပ်မဖြစ်စေဖို့ ပြည်သူတွေကို အရင်ကထက်ပိုပြီး စည်းလုံးသင့်ပြီဖြစ်ကြောင်း အသိပေးစကားရေးသားမျှဝေခဲ့ပါတယ်။ ပဲခူးမှာ ဗုံးကွဲ သတဲ့… အောက်တန်းစားတွေ စ ယုတ်လေပြီ… ပြည်သူတွေ ပိုစည်းလုံးဖို့ အထူးလိုပါပြီ…မဲရုံပြင်ပတွေမှာ လူစိမ်းတွေရှိနေရင် ဖုန်းနဲ့သာ live တင်ကြပါ…မနက် (၆) နာရီ ကနေ ည မဲ ရေတွက်ချိန်အထိ ကိုယ့်မြို့နယ်မဲရုံတိုင်းမှာ သေသေချာချာ စောင့်ကြပ်ပေးနေကြဖို့ အထူးလိုအပ်နေပါပြီ…

(၂၀၂၀) ခေတ်သစ် မဟော်သဓာ သားတရားစီရင်ခန်း လို့သာသဘောထားပြီး ခွေးအ ဘီလူးတွေ ဝိုင်းအမဲဖျက်တော့မှာကို သိသိကြီးနဲ့ လက်ပိုက်ကြည့်မနေကြတော့ဘဲ စနစ်တကျ တည်ငြိမ်စွာ အယုတ်တမာ အဖျက်အမှောင့်သမားတွေရဲ့လှုပ်ရှားမှုမှန်သမျှကို မှတ်တမ်းသာ ရသလောက်တင်ထားပေးကြပါ… ဘယ်လောက် စိတ်ဆိုးအောင် လာဆွဆွ လုံးဝထိပ်တိုက်ရင်မဆိုင်ကြပါနဲ့….ဒီတစ်ပွဲမှာ အညစ် အယုတ်ခံရရင် တစ်တိုင်းပြည်လုံး ခွေးဖြစ်ပြီသာမှတ်ပေရော့ ဆိုပြီး ရေးသားမျှဝေခဲ့ပါတယ် ပရိသတ်ကြီးရေ… တိုင်းပြည်ရဲ့အနာဂတ်အတွက် အခုလို အဖျက်အမှောင့်သမားတွေကို တားဆီးဖို့က နိုင်ငံသားတိုင်းရဲ့တာဝန်မို့ မဲရုံတွေကို စောင့်ကြပ်ကြည့်ရှုပေးကြဖို့ မောင်မောင်အေးက တိုက်တွန်းခဲ့တာပဲ ဖြစ်ပါတယ်။

Source- Mg Mg Aye, Photo Credit- Bago Weekly Journal Online Page