အိန္ဒိယနိုင်ငံရဲ့ Calcutta International Cult Film Festival မှာထူးချွန်ဆု(၅)ဆုထပ်မံရရှိခဲ့တဲ့ နို့ဘီလူး ဇာတ်ကားကြီး

အနုပညာ

(၂၀၁၉)ခုနှစ် မတ်လမှာရုံတင်ခဲ့ပြီး ပရိသတ်အားပေးမှုတခဲနက်ရရှိခဲ့တဲ့ နို့ဘီလူး ရုပ်ရှင်ကားကြီးဟာ Druk International film festival (DIFF) မှာ ယှဉ်ပြိုင်ခဲ့ပြီးဆုလေးဆုဆွတ်ခူးခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ် ။ အခုလက်ရှိမှာတော့ အိန္ဒိယနိုင်ငံရဲ့ ယဉ်ကျေးမှု မြိုတော် ဖြစ်တဲ့ ကာလကတ္တားမြို့ရှိ Calcutta International Cult Film Festival မှာ ထူးချွန်ဆု (၅)ဆု ထပ်မံဆွတ်ခူးနိုင်ခဲ့ပြန်ပြီလို့သိရပါတယ် ။

အောင်သီရိ ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်တဲ့ နို့ဘီလူး ရုပ်ရှင်ဇာတ်ကားကြီးဟာ အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့မှာ ကျင်းပသော ၄၅ကြိမ်မြောက် နိုင်ငံတကာရုပ်ရှင်ပွဲတော်ဖြစ်တဲ့ 45th season of Calcutta International Cult Film Festival (September 2020) Competition မှာ နောက်ထပ် ထူးချွန်ဆု ငါးဆု ထပ်မံ ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး ရရှိခဲ့တဲ့ ဆုတွေကတော့
(၁) .Best Narrative Feature Outstanding Achievement Award Winner – The Milk Ogre (နို့ဘီလူး ရုပ်ရှင်ဇာတ်ကား) ၊ (၂) Best Director Winner – လူမင်း ၊ (၃) Best Actor Outstanding Achievement Award Winner – လူမင်း ၊ (၄) Best Supporting Actress Outstanding Achievement Award Winner – ရွှေမှုံရတီ ၊ (၅) Best Producer Winner – Dr.ကျော်ကျော်ဦး (Aung Thiri Film Production) ဆုတို့ပဲဖြစ်ပြီး ဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ အမျိုးသား ဇာတ်ဆောင်ဆု၊ အမျိုးသမီး ဇာတ်ပို့ဆု ၊ ထုတ်လုပ်သူဆုဆုငါးဆုကို ထပ်မံ ရရှိခဲ့တာဖြစ်ပါတယ် ။

(၂၀၂၁) ဇန်နဝါရီ လ ကာလကတ္တားမှာ ကျင်းပမယ့် Golden Fox Awards ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအတွက်လည်း ဆန်ကာတင် Nominees များအဖြစ် ရွေးချယ်ဖိတ်ကြားခြင်းခံရတယ်လို့သိရပါတယ် ။ ဘူတန်နိုင်ငံမှာ ထူးချွန်ဆု လေးဆု ရရှိခဲ့တဲ့ အပြင်အခု အိန္ဒိယနိုင်ငံမှာ ထူးချွန်ဆု ငါးဆု ထပ်မံရရှိခဲ့ခြင်း ဖြစ်ပါတယ် ။

Source : နို့ဘီလူး ရုပ်ရှင်ကားကြီး