အဖြစ်ဆိုးနဲ့ ကြုံနေရတဲ့ကလေးတစ်ယောက်ကို ထပ်မံမွေးစားခဲ့ရပြန်တဲ့ ခိုင်နှင်းဝေ

အနုပညာ

မိဘမဲ့ကလေးပေါင်းများစွာကို ရင်အုပ်မကွာစောင့်ရှောက်ပေးနေတဲ့ ခိုင်နှင်းဝေကတော့ နေရာအခက်အခဲကြောင့် ကလေး(၃၀) ကျော်မွေးစားပြီးချိန်မှာပဲ ထပ်ပြီးလက်မခံတော့ဖို့ ဆုံးဖြတ်ထားပေမယ့် လတ်တလောကာလမှာတော့ ကိုဗစ်ကာလအခက်အခဲအမျိုးမျိုးနဲ့ မိဘကိုယ်တိုင်လာရောက်အပ်နှံတဲ့ကလေးတွေ ၊ မသိနားမလည်ခင်အရွယ်လေးမှာတောင် အဖြစ်ဆိုးကြုံနေရတဲ့ကလေးတွေကို သနားစိတ်နဲ့ ထပ်မံလက်ခံခဲ့တာကြောင့် ကလေးတွေ ထပ်တိုးလာခဲ့ပြီလို့ ဆိုရမှာပါ။

ဒီနေ့မှာလည်း မဖြစ်မနေအခြေအနေတစ်ခုကြောင့် ခိုင်မိသားစုဝင်နောက်တစ်ဦးထပ်တိုးခဲ့ကြောင်းကို ပရိသတ်ကြီးကို ရေးသားမျှဝေခဲ့ပါတယ်။ အမေက နောက် ယောကျာင်္းယူသွားပြီး ဖခင်မှ အရက် မူးနေချိန် (၈)လ အရွယ် သမီးလေးအား ငွေ တစ်သိန်းဖြင့် လိုက်ရောင်းနေ၍ အင်းစိန်မြို့နယ် အုပ်ချုပ်ရေး မှူးများမှ ကလေးနှင့် ဖခင်အား ထိန်းသိမ်းပီး ကျမ ဆီသို့ ဆက်သွယ် အပ်နှံ သဖြင့် သွားရောက် ခေါ်ယူ ခဲ့ပါတယ်ရှင်….သမီးလေး အရိပ် တစ်ခု ရဖို့ အတွက် တတ်နိုင်တဲ့ဘက်က စောင့်ရှောက်ခွင့်ရတဲ့ အတွက် ပီတိဖြစ်ရသလို စိတ်လည်းမကောင်းဖြစ်ရပါတယ်….ဒီလို နဲ့ပဲ ကျမတို့ “ခိုင် ” ဂေဟာ မှာ မိသားစု ဝင် တစ်ဦး တိုးပြန်ပါပီရှင်… ဆိုပြီး မျှဝေလာပါတယ်။

သနားစရာအဖြစ်ဆိုးနဲ့ သမီးလေးကတော့ တနေ့တည်းမှာပဲ ရောင်းစားတဲ့ဖခင်နဲ့ ကြုံခဲ့ရသလို အတိတ်ဘဝက ကောင်းမှုကုသိုလ်ကံလေးကြောင့် ကလေးတွေကို မေတ္တာပေးစောင့်ရှောက်နေတဲ့ ခိုင်နှင်းဝေလို ပရဟိတမင်းသမီးတစ်လက်ဆုံခဲ့ရတာတော့ အဆိုးထဲက အကောင်းလို့ ဆိုရမှာပါ။ နောက်ရှေ့ဆက်မယ့် ဘဝခရီးလမ်းမှာ ဒီလိုအဖြစ်မျိုးတွေ ထပ်မကြုံရဘဲ အများနည်းတူ ဘဝကို အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းသွားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် သမီးလေးရေ..

Source- Khine Hnin Wai