ကိုရီးယားမှာ training ပြုလုပ်နိုင်ဖို့တောင်းဆိုပေးခဲ့တဲ့ အမေစုကို ကျေးဇူးတင်စကားဆိုခဲ့တဲ့ Project-K အဖွဲ့

အနုပညာ

မြန်မာနိုင်ငံက နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Project K အဖွဲ့တော့ မကြာသေးခင်ကမှ ကိုရီးယားနိုင်ငံမှာ Training အနေနဲ့ သွားရောက်ခွင့်ရခဲ့ကာ အဖိုးမဖြတ်နိုင်တဲ့ပညာတွေသင်ယူခွင့်ရခဲ့သလို ဒီနေ့မှာတော့ အခုလိုသွားရောက်လေ့ကျင့်နိုင်ဖို့ တောင်းဆိုပေးခဲ့တဲ့ အမေစုကို ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။

အခုလိုအခွင့်အရေးမျိုးရနိုင်ဖို့ တောင်းဆိုပေးခဲ့တဲ့ အမေစုကို ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲကျေးဇူးတင်စကားဆိုခဲ့ရုံမက ကိုရီးယားခရီးစဉ် ဖြစ်မြောက်ရေးအတွက်ရော ခရီးစဉ်တစ်လျှောက်လုံးမှာပါ ကူညီပေးကြတဲ့ မြန်မာ-ကိုရီးယား (၂) နိုင်ငံမှ တာဝန်ရှိ လူကြီးမင်းများ၊ ကိုရီးယားက ပြန်ရောက်သည့်အခါတွင်လည်း လုံခြုံရေးပိုင်းကို အပြည့်အဝ တာဝန်ယူပေးကြပါသော လူကြီးမင်းများ ၊ သံပျဉ်ဆောင် မှ ဆရာ ဆရာမများနဲ့ volunteers များ အားလုံးအားလုံးကိုလည်း ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

aနာက်ဆုံးအနေနဲ့ Project K အတွက်ဆို အမြဲတမ်း မားမားမတ်မတ်နဲ့ အမြဲအားပေးကြမ်းတဲ့ အမာခံပရိသတ် GUMs လေးတွေကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ် ပရိသတ်ကြီးရေ… Project K အဖွဲ့ကတော့ စက်တင်ဘာလ(၁၄) ရက်နေ့ကစပြီး အောက်တိုဘာ(၈) ရက်နေ့အထိ ကိုရီးယားနိုင်ငံယဉ်ကျေးမှုတွေနဲ့ ခန္ဓာကိုယ်ပြောင်းလဲမှုဆိုင်ရာတွေ၊ အနုပညာရပ်တွေကို နာမည်ကြီး Trainer တွေနဲ့ သွားရောက်သင်ယူလေ့လာခွင့်ရခဲ့တာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ အခုလိုအခွင့်အရေးမျိုးရအောင် တောင်းဆိုပေးခဲ့တဲ့ အမေစုနဲ့တကွ ခရီးစဉ်အစအဆုံး ကူညီစောင့်ရှောက်ပေးခဲ့တဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ဂါရဝပြုကျေးဇူးတင်စကားဆိုခဲ့တာပဲ ဖြစ်ပါတယ်။


Source – Project K