မိန်းကလေးတွေအားကျရလောက်တဲ့ ဖက်ရှင်ဆိုင်လောက်ရှိတဲ့ ဖြူဖြူထွေးရဲ့ အဝတ်အစားအခန်းကြီး

အနုပညာ

နာမည်လေးနဲ့လိုက်အောင် ဖြူစင်တဲ့စိတ်ထားကောင်းလေးကိုပါ ပိုင်ဆိုင်ထားသူလေးကတော့ မင်းသမီးချောလေး ဖြူဖြူထွေးပဲ ဖြစ်ပါတယ် ။ ဖြူဖြူထွေးဟာဆိုရင် ဟာသဗီဒီယိုလေးတွေနဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ လူသိများအောင်မြင်လာခဲ့ရင်းကနေ အနုပညာလမ်းကြောင်းပေါ်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ် ။

လက်ရှိမှာတော့ ဖြူဖြူထွေးက အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်အဖြစ် ရပ်တည်နေသလို သူများတွေနဲ့မတူတဲ့ သူမရဲ့ကြော်ငြာတွေကလည်း အရမ်းကိုအောင်မြင်နေတာ ဖြစ်ပါတယ် ။ မာန်မာနကင်းတဲ့ဖြူဖြူထွေးက အလှူအတန်းတွေကိုလည်း ပုံမှန်ပြုလုပ်နေဆဲ ဖြစ်ပါတယ် ။

ဖြူဖြူထွေးကတော့ အနုပညာချွေးနဲစာနဲ့ ရန်ကုန်မှာ အိမ်ဝယ်လိုက်တာပဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဖြူဖြူတွေက သူရဲ့ အဝတ်အစားခန်းကိုပြလာပါတယ်။ ဖြူဖြူထွေးက ““အဝတ်အစား အခန်းထဲ ကို တစ်နေကုန် လို့မှ တစ်ခေါက်တောင် မဝင်ဖြစ်ဘူး။ ပွဲတွေ သွားတာ တို့ ရှုတင် ရိုက်တာတို့ ဆိုရင်တော့ ဒီအခန်းထဲမှာ အဝတ်အစား ရွေးရတော့တာပဲ။ မဝတ်ဖြစ်တော့တဲ့ အဝတ်အစားတွေကို မဲပြန်ဖောက်ပေးဖို့ စဉ်းစားနေတယ်။ ဒီလိုမျိုး ဖြစ်လာလိမ့်မယ် လို့ တွေးတောင် မတွေးခဲ့မိဘူး” ဆိုပြီးပြောလာခဲ့ပါတယ်။ ပရိသတ်ကြီးအတွက် ဖြူဖြူထွေးရဲ့ ဗီဒီယိုဖိုင်လေးကိုဖော်ပြပေးလိုက်ပါတယ်နော်။

Video ကြည့်ရန်

Video Source : Myanmar Celebrity