ကိုဗစ်စင်တာမှာ အောက်စီဂျင်ရှူနေရတဲ့ ဖခင်ဖြစ်သူ ဦးမိုးဒီရဲ့ လက်ရှိကျန်းမာရေးအခြေအနေကို ပြောပြလာတဲ့ ကောင်းစံ

အနုပညာ

ပရိသတ်ကြီးရေ ဒီနေ့မှာ စိတ်မကောင်းစရာသတင်းကတော့ ပရိသတ်တွေချစ်ကြတဲ့ ဝါရင့်ဟာသ သရုပ်ဆောင် ဦးမိုးဒီမှာ ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။ဟာသ သရုပ်ဆောင် မိုးဒီ ဟာ လွန်ခဲ့တဲ့ နှစ်ရက်လောက်က နေမကောင်းဖြစ်၍ ဒီနေ့တွင် ဧရာဝတီစင်တာ၌ ရောဂါသွားရောက်စစ်ရာတွင် positive အဖြေထွက်တယ်လို့ သိရှိရပါတယ်၊ဟာသ သရုပ်ဆောင် မိုးဒီ သည် လက်ရှိတွင် ဆီးချို၊ သွေးတိုး ၊နှလုံး ၊ ကျောက် ကပ် ရောဂါ ရှိကြောင်း သိရှိရပါတယ်၊။

ဖခင်ဦးမိုးဒီရဲ့ လက်ရှိကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီး သားဖြစ်သူ ကောင်းစံက ပြောပြလာခဲ့ပါတယ်။ “ဖေဖေ က ဒီနေ့၊ ဧရာဝတီ COVID စင်တာမှာ ဆေးစစ်လိုက်တာ COVID-19 Postive ဖြစ်သွားတယ်။ ဖေဖေ ကျန်းမာရေး ကို စိတ်မချလို့ ကိုယ်တိုင် လိုက်ချင်ပေမယ့် လိုက်လို့ မရဘူး ဖြစ်နေတယ်။ အခုတော့ စင်တာမှာ အောက်ဆီဂျင် ရူနေရပါတယ်။ ဖေဖေ က အိမ်မှာ နေတုန်းက မောတယ်။ ခြေတွေ၊ လက်တွေ တုန်ပါတယ်။ သူ့ဘာသာ မတ်တပ် မရပ်နိုင်တော့ဘူး” လို့ပြောလာခဲ့ပါတယ်။

ပရိသတ်ကြီးအတွက် ဖခင်ခဲ့ ကျန်းမာရေးအခြေအနေကို စိုးရိမ်နေတဲ့ ကိုကောင်းစံရဲ့ interview ဗီဒီယိုဖိုင်လေးကိုဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလဲ ကိုဗစ်ကူးစက်ခံရတဲ့ ဦးမိုးဒီအတွက် ကျန်းမာရေးပြန်ကောင်းအောင် ဆုတောင်းပေးကြပါဦးနော်။

Video ကြည့်ရန်