တန်ဆောင်မုန်းလပြည့်ညမှာ ပံ့သကူအလှူလေးလုပ်ဖို့ပြင်ဆင်နေတဲ့နန်းဆု

အနုပညာ

ပရိသတ်ကြီးရေ ရှမ်း-တရုတ် ကပြားမလေး နန်းဆုရတီစိုးကတော့ တန်ဆောင်မုန်းလပြည့်နေ့မှာ မွန်မြတ်တဲ့အလှူလေးတစ်ခုလုပ်ဖို့ပြင်ဆင်နေတယ်လို့သိရပါတယ် ။ တန်ဆောင်မုန်းလပြည့်နေ့မှာ ပံ့သကူအလှူလေးတွေကို လူတိုင်းလိုလို ပြုလုပ်ကြပြီး လှူဒါန်းနေကြတာဖြစ်ပြီး နန်းဆုကလည်း ပံ့သကူအလှူလေးမှာပါဝင်လာခဲ့တာပါ ။

တန်ဆောင်မုန်းလပြည့်နေ့ မှာ ပံ့သကူအလှူလေးတွေ လှူဖို့အတွက် ပြင်ဆင်နေကြပုံလေးတွေပါ ဆိုတဲ့စာသားလေးနဲ့အတူ ပံ့သကူပစ်ဖို့ပြင်ဆင်နေတဲ့ နန်းဆုရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေကို မျှဝေပေးလာခဲ့တာပါ ။ ချစ်စရာအစဉ်အလာအလေ့အကျင့်လေးမို့ နန်းဆုလည်း ဝမ်းသာပျော်ရွှင်စွာ လိုက်လုပ်ဖြစ်ပါတယ် ပံ့သကူအလှူလေးတွေ ရရှိသူတွေအားလုံး စိတ်ချမ်းသာပျော်ရွှင်ကြပါစေရှင့် ဆိုတဲ့စာသားလေးနဲ့လည်း ရရှိတဲ့သူတွေအားလုံးပျော်ရွှင်စေဖို့ ဆုမွန်ကောင်းတောင်းပေးထားပါသေးတယ် ။

နန်းဆုတို့ ပံသကူ ပစ်ဖို့ ပြင်ဆင်နေကြတာနဲ့ လိုက်ပစ်တဲ့ video လေးကို ယနေ့ညမှာ တင်ပေးမှာဖြစ်ပြီး ချစ်ပရိတ်သတ်တွေ အားလုံး တန်ဆောင်မုန်းလပြည့်နေမှာ ပျော်ရွှင်ကြပါစေ အပူအပင်တွေကင်းဝေးပါစေ လို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်နော် ။

Source : Nan Su Yati Soe