လပြည့်နေ့မှာ သစ်တံခါးဆရာတော်ဘုရား ကျောင်းဆောက်ရန်အတွက် အလှူငွေသိန်း(၅၀၀) လှူဒါန်းလိုက်တဲ့ စမိုင်းလ်တို့ မိသားစု

အနုပညာ

ချစ်ပရိသတ်ကြီးရေ စမိုင်းလ်ကတော့ တစ်ချိန်က ပီပြင်တဲ့ဇာတ်ရုပ်တွေ ကောင်းမွန်လွန်းတဲ့ သရုပ်ဆောင်ချက်တွေနဲ့ အနုပညာလောကမှာ နေရာတစ်ခုကို အခိုင်အမာရယူထားနိုင်သူတစ်ယောက်ဖြစ်ပါတယ်။ အနုပညာအလုပ်တွေနဲ့ အချိန်အတော်ကြာ ဝေးကွာနေခဲ့တဲ့ သူမကတော့ ယနေ့အချိန်ထိ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်သူတစ်ယောက်ဖြစ်ပြီး ကြည်နူးစရာကောင်းတဲ့ မိသားစုလေးကို တည်ဆောက်ထားနိုင်ခဲ့ပါတယ်။

သူမကတော့ အေးချမ်းသာယာတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားနိုင်ပြီး ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ သူမတို့ မိသားစုလေးကတော့ အလှူအတန်းတွေမှာ လက်မနှေးဘဲ လှူတန်းတတ်တာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားသူတွေပဲဖြစ်ပါတယ်။

မနေ့က တန်ဆောင်မုန်းလပြည့်နေ့လေးမှာလည်း သစ်တံခါးဆရာတော်ဘုရားကျောင်းဆောက်ရန်အတွက် နောက်ထပ်အလှူငွေသိန်း(၅၀၀) လှူဒါန်းခဲ့ကြောင်းကို ပုံလေးတွေနဲ့အတူ ” ယနေ့လပြည့်နေ့တွင် မရည်ရွယ်ပဲမမျှော်မှန်းပဲ သစ်တံခါးဆရာတော်ဘုရားကျောင်းဆောက်ရန်အတွက်နောက်ထပ်အလှူငွေ သိန်း ( ၅၀၀ ) ကျပ်လှူဒါန်းခဲ့ပြီး မြဝတီမြို့တွင်ပံ့သကူပစ်ရန် ( ၅သိန်း ) ကိုအွန်လိုင်းကနေပဲလှူဒါန်းကုသိုလ်ပြုခဲ့ပါတယ်”ဆိုတဲ့စာလေးနဲ့ဖော်ပြခဲ့ရာ သာဓုခေါ်နိုင်စေရန် မျှဝေပေးလိုက်ပါတယ်