လူတချို့ရဲ့ဝေဖန် စော်ကားမှုကိုခံရလို့ ကြိုးစားခဲ့ပြီး အကယ်ဒမီရခဲ့တဲ့ သူဘဝအကြောင်းပြောပြလာတဲ့ ထွန်းထွန်း

အနုပညာ

ပရိသတ်ကြီးရေ ထွန်းထွန်းကတော့ အဆိုတော်တစ်ယောက်အနေနဲ့ စတင်ခဲ့ပြီး နောက်ပိုင်းမှာ ကြိုးစားအားထုတ်မှုတွေကြောင့် သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ယခုမှာတော့ ထွန်းထွန်းက အနုပညာလောကမှာ အခက်အခဲတွေကြားထဲကနေ လျှောက်လှမ်းလာခဲ့တဲ့ သူ့ရဲ့ အကြောင်းလေးတွေကို ရေးသားဖော်ပြလာခဲ့ပါတယ်။”မိတ်ဆွေတို့ရေ….ကျွန်တော် ထွန်းထွန်း အသက် ၁၆-၁၇ ကတည်းက EXAMPLEZ မှာ သီချင်းတွေဆိုခဲ့ သီချင်းရေးခဲ့တယ်……၂၀၀၀-၂၀၀၁ ပေါ့. အခုဆို ဘာလိုလိုနဲ့ ဒီ အနုပညာလောကထဲမှာ အနိမ့်အမြင့်အတက်အကျ ပုံစံမျိုးစုံ ဘဝမျိုးစုံနဲ့ အနှစ်၂၀ ကျင်လည်ခဲ့တယ်…..


အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေကြောင့်သာကျွန်တော်ရပ်တည်နေနိုင်တာဖြစ်သလို… ကျွန်တော့်ကို ယုံကြည်မှုရှိပေးကြတဲ့ Production တွေ Producer တွေနဲ့ အမြဲတမ်းကူညီစောင့်ရှောက်ပေးကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေကြောင့်လည်းဖြစ်ပါတယ်…..ရုပ်ရှင်လောကထဲစဝင် ဦးကျော်ဟိန်းဆီရောက် တော့လည်း တချို့တွေက “သီချင်းပဲဆိုစမ်းပါ လိုင်းကြောင်ပြန်ပီ” ဆိုတာ မကြားတကြား ပြောတာတွေ, နာမည် တပ် ဒဲ့ စော်ကားခံရတာတွေကြားထဲကနေ စိတ်ပိုင်းဖြတ်ပြီး ကြိုးစားလေ့လာခဲ့ရတယ်. (ခုထိသင်ယူကြိုးစားနေဆဲပါပဲ) ခင်ဗျားတို့အထင်မကြီးတဲ့ Rap ဆိုတဲ့ ချာတိတ်တကောင် အနေနဲ့ ပထမဆုံး အကယ်ဒမီ ရတဲ့သူဖြစ်လာဖို့ ရည်မှန်းချက်ထားခဲ့တယ် ကြိုးစားခဲ့တယ်…ရခဲ့တယ်……ဒါကလည်း ကျွန်တော်တယောက်တည်းတော်နေ တတ်နေလို့ လုံးဝ(လုံးဝ) မဟုတ်ပါဘူး ဆရာကောင်း လုပ်ဖော်ကိုင်ဖက်ကောင်း Team Work ကောင်းလွန်းလို့ ကျွန်တော်က မြှောက်စားခြင်းခံခဲ့ရတာပါ……..

မိတ်ဆွေတို့ရေ ….ဘဝရဲ့မှတ်တိုင်တွေမှာ အမြဲတမ်းအနားမှာရှိနေပေးနိုင်တာ မိသားစုပါ အခုဆိုရင် ကျွန်တော့်ကို နှင်းဆီ(အငြိမ့်) မိသားစုရဲ့သား,တစ်ယောက်လို့ မြင်နေပေးကြပါပြီ. နှင်းဆီအဖွဲ့က ကျွန်တော့်အတွက်မိသားစုကြီးဆိုရင် EXAMPLEZ ကကျွန်တော့်ရဲ့ပထမဆုံး မိသားစုလေးပါပဲ ဒီကောင်တွေ နဲ့ အတူတူလူလားမြှောက်လာကြတယ် ဝါသနာကို အရင်းတည်ပြီး ဖြစ်ချင်တာတွေကို လုပ်ခဲ့ကြတယ်၊ ရန်ဖြစ်တယ်၊စကားများတယ်၊ ပြန်ခေါ်တယ်၊ ထပ်ကောက်တယ်၊ ပြသနာတွေ တူတူဖြေရှုင်းကြတယ်၊ ခရီးတွေ အများကြီးတူတူထွက်ခဲ့ကြတယ်၊ ဖေးမခဲ့ကြတယ်၊ မိတ်ဆွေတို့ရေ ….EXAMPLEZ ကို ချစ်တဲ့ ပရိတ်သတ်တွေအတွက် အခုဆိုအနှစ်၂၀Examplez 20YearsOfExamplez_Music_live ပွဲကြီးကို ရည်မှန်းထားတဲ့အတိုင်းစီစဉ်ခဲ့နိုင်ပါပြီ
လာမယ့် December ၄ ရက်နေ့ ည ၇နာရီမှာ ကျွန်တော်တို့တွေ သီချင်းတွေ ဆိုပြပါမယ်.. ကျွန်တော်တို့ရဲ့ ပရိသတ်တွေ မသိသေးတဲ့ အကြောင်းလေးတွေကို ရင်းရင်းနှီးနှိးပြောပြချင်ပါတယ်…..ဒါကြောင့် EXAMPLEZ ပရိသတ်တွေ အချိန်လေးပေးပြီး ကြည့်ဖို့ လေးနက်စွာဖိတ်ခေါ်ပါတယ်. ….လာရောက်စိတ်အမောတချို့ ဖြေဖျောက်ကြပါဗျာ.”ဆိုပြီး ရေးသားထားပါတယ်။