ကိုဗစ်ကူးစက်ခံခဲ့ရလို့ သေပြီထင်ပြီး သေတမ်းစာတောင် ရေးပြီးသွားပြီ ဆိုတဲ့ ဂျွန်လွင်

အနုပညာ

ချစ်ပရိသတ်ကြီးရေ အနုပညာလောကရဲ့ အရည်ချင်းရှိတဲ့ မော်ဒယ်တွေကို မွေးထုတ်ပေးနေတဲ့ ဂျွန်လွင်ကို ချစ်ပရိသတ်ကြီးသိကြမယ်ထင်ပါတယ်။သူကတော့ အောင်မြင်နေတဲ့ မော်ဒယ်အေဂျင်စီကြီးကို တည်ထောင်ထားကာ အောင်မြင်နေသူလည်းဖြစ်ပါတယ်။အများက မော်ဒယ်ဖခင်ကြီးလို့ခေါ်ရလောက်အောင် အရည်အချင်းရှိတဲ့ မော်ဒယ်တွေ မွေးထုတ်ပေးခဲ့တာကြောင့်လည်းဖြစ်ပါတယ်။

ဂျွန်လွင်ကတော့ ကိုဗစ်ကူးစက်ခံရတာကြောင့် သေပြီလို့ ထင်မှတ်ပြီး သေတမ်းစာပါ ရေးထားပြီးတဲ့အကြောင်းပြောပြလာခဲ့ပါတယ်။ ဂျွန်လွင်က “”ကျွန်တော် Covid ကူးခံလိုက်ရတော့ သေပြီတောင်ထင်ပြီး ကျွန်တော့်ရဲ့ ဘဏ် အကောင့်တွေ မီးခံသေတ္တာ Password တွေ အကုန်လုံးကို ခင်ရတဲ့သူတစ်ယောက်ကို ဘာတွေလုပ်ရမယ်က အစအကုန်ပြောပြီးပြီ..သေတမ်းစာတောင် ရေးပြီးသွားပြီ ” ဆိုပြီးပြောပြလာပါတယ်။

ဂျွန်လွင်က လတ်တလောမှာတော့ သူနဲ့အတူ ပြည်သူတွေပေါင်းပြီး 254 သိန်းဖိုး ကိုဗစ်သက်သာစေတဲ့ ဆေးကိုဝယ်ယူပြီး လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် ဂျွန်လွင်ရဲ့ interview ဗီဒီယိုဖိုင်လေးကိုဖော်ပြပေးလိုက်ပါတယ်နော်။

Video ကြည့်ရန်