ကိုဗစ်ကာလတီဝိုင်းနဲ့ ဖျော်ဖြေခဲ့တာကြောင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနဲ့ အရေးယူခံရတော့မဲ့ ခြိမ့်ကေကို

အနုပညာ

ပရိသတ်ကြီးရေ.. လူမှုကွန်ယက်ပရိသတ်တွေကြား ရေပန်းစားနေတဲ့ ခြိမ့်ကေကိုကတော့ အခုဆိုရင် အနုပညာရှင်ဆယ်လီတစ်ဦးအဖြစ် အနုပညာလောကမှာထဲမှာ ရပ်တည်နေပြီ ဖြစ်ပါတယ်နော်။ဝေဖန်တဲ့ ပရိသတ်တွေရှိသလို အားပေးချစ်ခင်နေကြတဲ့ ပရိသတ်တွေလည်း အခိုင်အမာရရှိထားတဲ့ ခြိမ့်ကေကိုဟာ လတ်တလောမှာလည်း ဖျော်ဖြေရေးတွေ ဆက်တိုက်လုပ်ဆောင် ဖျော်ဖြေနေတာလည်း တွေ့ရပါတယ်။

ခြိမ့်ကေကိုကတော့ အခုဆိုရင် အနုပညာလမ်းကြောင်းပေါ်မှာ ပရိသတ်တွေရဲ့ အားပေးမှုတွေအခိုင်အမာနဲ့ တဖြည်းဖြည်းအောင်မြင်မှုတွေ ရရှိလာတာတွေ့ရပါတယ်။ သီချင်းတွေ ဆက်တိုက်လုပ်နေတဲ့ ခြိမ့်ကေကိုကတော့ အခုဆိုရင် ကြော်ငြာ ဇာတ်လမ်းတိုတွေနဲ့ ဖျော်ဖြေရေးအချို့မှာလည်း ပါဝင်လာတာကို တွေ့ရပြီး ပရိသတ်တွေလည်း တစ်ခဲနက်အားပေးကြတာကိုတွေ့ရပါတယ်။

လတ်တလောမှာတော့ ခြိမ့်ကေကိုဟာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနဲ့ အညီအရေးယူခံရတော့မှာပဲဖြစ်ပါတယ်။ ဒီဇင်ဘာ ၃ ရက်နေ့က ခြိမ့်ကေကိုဟာ မြစ်သားမြို့နယ် မင်းဝန်ကျေးရွာက ဦးဇော်မင်းထိုက်ရဲ့ သမီးမွေးနေ့ပွဲမှာ သွားရောက်ဖျော်ဖြေခဲ့တာပဲဖြစ်ပါတယ်။ ကိုဗစ်ကာလမှာ တီးဝိုင်းနဲ့သွားရောက်ဖျော်ဖြေခဲ့တာကြောင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနဲ့ အညီအရေးယူခံရတော့ဖြစ်ကြောင်း စာထုတ်ခဲ့တာပဲဖြစ်ပါတယ်။