မိသားစု လိုက် ပျော်ရွှင်စွာ Staycation သွားခဲ့တဲ့ စန္ဒီမြင့်လွင်တို့မိသားစု

အနုပညာ

အဆိုတော်သရုပ်ဆောင် စန္ဒီမြင့်လွင်ကတော့ အောင်မြင်တဲ့ Female Rapper တစ်ယောက်ဖြစ်ပြီး ချစ်စရာသမီးလေးနဲ့အတူ ကြည်နူးအားကျစရာ မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ထားတဲ့သူပါ ။ Treasure လေးလို့ ချစ်စနိုးခေါ်ကြတဲ့ သမီးလေး ခင်လင်းထင်ကတော့မိသားစုရဲ့ အချစ်တွေကို ရရှိထားသလို ပရိသတ်တွေအသည်းယားလွန်းလို့ အရမ်းချစ်နေကြတာပါ ။

Treasure လေးရဲ့ တဖြည်းဖြည်း အရွယ်ရောက်လာပုံတွေနဲ့ ချစ်စဖွယ် လှုပ်ရှားမှုလေးတွေကို မေမေဒီးဒီက လူမှုကွန်ရက်စာမျက်နှာထက် ကနေ အမြဲ မျှဝေပေးလေ့ရှိပါတယ် ။ လတ်တလောမှာတော့ ပီးခဲ့တဲ့တစ်ပါတ် staycation သွားတုန်းကပုံလေးတွေ အကုန်တင်ပေးလိုက်ပါပြီ။ ယူတို့အသည်း ပုံတွေအများကြီးပါတယ် အောက်ဆုံးအထိကြည့်ပေးနော် ဆိုတဲ့စာသားလေးနဲ့အတူ မိသားစု စုံစုံလင်လင်နဲ့ ပျော်ရွှင်နေတဲ့ Treasure လေး ရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလာခဲ့ပါတယ် ။

ဒီးဒီကတော့ ချစ်ရတဲ့ ခင်ပွန်း ၊ သမီးလေးနဲ့အတူ သာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့အတွက် ပရိသတ်တွေက သူမအစား ဝမ်းသာနေကြသလို သူမတို့မိသားစုပုံလေးတွေကို အရမ်းကို ချစ်ကြောင်း မှတ်ချက်တွေရေးသားထားကြပါတယ် ။ Treasure လေး ရဲ့ ချစ်ပရိသတ်ကြီးအတွက်လည်း ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်