သမီးလေးအခုလိုအခြေအနေဖြစ်ရတာ အိမ်တွင်းအုန်းမဆွဲလို့ ဆိုပြီးဝေဖန်ကြတဲ့သူတွေကို ပြတ်သားစွာတုံ့ပြန်လိုက်တဲ့ မင်းညီ

အနုပညာ

သရုပ်ဆောင်၊ဒါရိုက်တာမင်းညီကတော့ သူ့ရဲ့မိသားစုကို လိုလေသေးမရှိအောင် ဂရုစိုက်ပေးနေတဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်ပါတယ်နော်။မင်းညီရဲ့ကလေးသုံးယောက်လုံးကလည်း အဖေတူလေးတွေဖြစ်လို့ အရမ်းချစ်စရာကောင်းကြပါတယ်။မင်းညီက အလုပ်တွေကိုလည်းကြိုးစားလုပ်ဆောင်ရင်း မိသားစုအတွက်လည်း ပျော်ရွှင်စရာအမှတ်တရလေးတွေကို အမြဲဖန်တီးပေးတတ်တာဖြစ်ပါတယ်။မင်းညီတို့မိသားစုလေးက သိုက်သိုက်ဝန်းဝန်းနဲ့ အေးအတူပူအမျှနေထိုင်ကြလို့ ကြည်နူးဖို့ကောင်းတဲ့ မိသားစုလေးဖြစ်ပါတယ်နော်။

လတ်တလောမှာတော့ မင်းညီရဲ့သမီးလေးက မျက်နှာကြက်ပေါ်ကပြုတ်ကျလို့ ဦးနှောက်နဲ့အာရုံကြော အရေးပေါ်ဌာနမှာ ဆေးရုံတင်ထားရတာဖြစ်ပါတယ်။မင်းညီကလည်း သမီးလေးရဲ့ဘေးနားမှာ အချိန်ပြည့်နေပေးပြီး ဂရုစိုက်ပေးနေတာဖြစ်ပါတယ်နော်။မင်းညီရဲ့သမီးလေးကို အမြန်ဆုံးသက်သာလာစေဖို့ ပရိသတ်တွေနဲ့ ရင်းနှီးတဲ့မိတ်ဆွေတွေက ဆုတောင်းပေးနေကြတာဖြစ်ပါတယ်။လက်ရှိအခြေအနေမှာတော့ သမီးလေးက အသက်အန္တာရာယ်စိုးရိမ်စရာမလိုတော့တာကြောင့် စိတ်ချရမယ့်အနေအထားဖြစ်သွားပါတယ်နော်။

အခုဆိုရင်တော့ မင်းညီက သူ့ရဲ့အိမ်မှာ အိမ်တွင်းအုန်းမဆွဲတာနဲ့ပတ်သက်ပြီး ဝေဖန်နေကြတဲ့သူတွေကို “အိမ်မှာ..အိမ်တွင်းအုန်းမဆွဲလို့ ငါ့သမီးခုလိုဖြစ်ရတာဆိုရင် ငါ့ကိုအခု လာသတ်နိုင်ရင်လာသတ်လိုက်။ ငါက ထေရဝါဒ ဗုဒ္ဓဘာသာစစ်စစ်မို့ မင်းတို့ စုန်းကဝေ၊အောက်လမ်းနည်း အကုန်လုံးကို ယီးပဲ။စောက်ဂရုကိုမစိုက်ဘူး။ထပ်ပြောမယ် ယီးပဲ.အကောင့်ထဲ က ဂုဏ်သရေရှိ ပုဂ္ဂို လ် တွေကို အားနာလို့ လ လုံးကြီးတင် ဆံမခတ်တာ မှတ်”ဆိုကာ သူ့ရဲ့ခံယူထားတဲ့စိတ်နဲ့ပတ်သက်ပြီး ပြတ်ပြတ်သားသားတုံ့ပြန်ခဲ့လို့ ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။