မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးပြီး လက်ထပ်ထိမ်းမြားမင်္ဂလာပွဲကျင်းပခဲ့ကြတဲ့ နိုင်းဝမ်းတို့ဇနီးမောင်နှံ

အနုပညာ

ချစ်ပရိသတ်ကြီးရေ အဆိုတော် နိုင်းဝမ်း ကတော့ လူငယ်ပရိသတ်တွေရဲ့ အခိုင်အမာ အားပေးဝန်းရံမှုကို ရရှိထားသူတစ်ဦး ဖြစ်ပါတယ်။ ကိုယ်ပိုင်သံစဉ်၊ ကိုယ်ပိုင်စာသားတွေကို ဖန်တီးပြီး သီချင်းကောင်းကောင်းလေးတွေမှ ရေးစပ်သီဆိုလေ့ရှိတဲ့ နိုင်းဝမ်း က ပရိသတ်တွေရဲ့အားပေးမှုတွေနဲ့ ထိပ်ဆုံးမှာရပ်တည်နေရတာပဲ ဖြစ်ပါတယ်။

နိုင်းဝမ်းရဲ့ထွက်ရှိခဲ့သမျှ သီချင်းတော်တော်များများကလည်း ပရိသတ်တွေကြားမှာ ရေပန်းစားပြီး အောင်မြင်နေတာ ဖြစ်ပါတယ်။သူများနဲ့မတူဘဲ ကွဲပြားနေတဲ့ အသံနဲ့ ဆန်းသစ်တဲ့သီဆိုဟန်တွေ ကာရံတွေကို အချိတ်အဆက်မိမိရေးစပ်နိုင်တာတွေကြောင့် စီနီယာအနုပညာအချို့ကတောင်လေးစားချစ်ခင်နေရတာဖြစ်ပါတယ်။

ဒီနေ့လေးမှာတော့ ချစ်ရတဲ့ ချစ်သူလေးနဲ့အတူ နှစ်ဖက်မိဘစုံလင်စွာ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးခဲ့ကြတာလည်းဖြစ်ပါတယ် ။ ခမ်းနားထည်ဝါလွန်းပြီး နေနဲ့လ ရွှေနဲ့မြလို လိုက်ဖက်လွန်းလှတဲ့ နိုင်းဝမ်းတို့ဇနီးမောင်နှံရဲ့ ပုံလေးတွေကြည့်ပြီး ကြည်နူးအားကျမိတာအမှန်ပါပဲနော် ။

“လက်ထပ်ထိမ်းမြားပြီးစီးခြင်း” ကျွန်တော် မောင်ကျော်ဇင်လတ်(ခ) နိုင်းဝမ်းနှင့် မမေမျိုးသူကျော် တို့သည် ယနေ့ ၉.၁၂.၂၀၂၀ (အမျိုးသားနေ့) တွင် ဒေါ်စိုး ခက်ခက်(တရားလွှတ်တော်တရားသူကြီး၊ ရန်ကုန်တိုင်းဒေသကြီးတရားလွတ်တော်) နှင့် နှစ်ဘက်သောမိဘဆွေမျိုးများ၏ရှေ့မှောက်တွင် တရားဝင်လက်မှတ်ရေးထိုး၍ လက်ထပ်ပြီးစီးပါကြောင်း ကြေငြာအပ်ပါသည်..။ယနေ့ပြုလုပ်ခဲ့သော မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးခြင်း အကျဉ်းချုံးမင်္ဂလာပွဲလေးမှာ ကိုဗစ်ကာလဖြစ်လို့ မိတ်ဆွေသူငယ်ချင်းများအား မင်္ဂလာပွဲသို့ဖိတ်ကြားဖို့မဖြစ်နိုင်ခဲ့သော်လည်း လက်ဖွဲ့ပစ္စည်းများပေးပို့ပေးကြပါသော၊ မင်္ဂလာဆုမွန်ကောင်းတောင်းပေးကြပါသော အနယ်နယ်အရပ်ရပ်မှ မိတ်ဆွေသင်္ဂဟများနှင့် ချစ်ပရိတ်သတ်များအားလုံးအားလုံးကို လှိုက်လှဲစွာကျေးဇူးတင်ရှိပါကြောင်းကြေငြာအပ်ပါတယ်ခင်ဗျာ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။