မင်းရာဇာရဲ့မိန်းမက ထောင်ထဲမှာ သားယောကျာ်းလေး မွေးဖွားခဲ့တဲ့အကြောင်းပြောပြလာတဲ့ သရုပ်ဆောင် မင်းဇော်

အနုပညာ

အက်ရှင်မင်းသားတစ်ယောက်ဖြစ်တဲ့ မင်းရာဇာကတော့ ပရိသတ်တွေရဲ့ ရင်ထဲမှာနေရာတစ်ခုကို အခိုင်အမာရယူထားနိုင်သူတစ်ယောက်ဖြစ်ပြီး ပါဝင်တဲ့ ဇာတ်ကားတိုင်းမှာ အကောင်းဆုံးသရုပ်ဆောင်နိုင်သူတစ်ယောက်ဖြစ်ပါတယ်။ အက်ရှင်ဇာတ်ကားတွေကို ရိုက်ကူးလေ့ရှိပြီး ကြမ်းကြမ်းရမ်းရမ်အိုက်တတ်ခန်းတွေမှာ အပီပြင်ဆုံးသရုပ်ဆောင်နိုင်တဲ့ မင်းသားတစ်လက်ပဲဖြစ်ပါတယ်။
လတ်တလောမှာတော့ ရုပ်ဆောင်မင်းရာဇာဟာ အိမ်အကူ အမျိုးသမီးငယ်လေးကို အပြင်းအထန်နာကျင်စေမှုနဲ့ပတ်သက်ပြီး တရားစွဲခံထားရတာပဲဖြစ်ပါတယ် ။ ကိုဗစ်ကာလဖြစ်တာကြောင့် မင်းရာဇာတို့ ဇနီးမောင်နှံရဲ့ အမှုဟာ မပြီးသေးပဲ ထောင်ထဲမှာနေရတာပဲဖြစ်ပါတယ်။

အမှန်အတိုင်းသာထွက်ဆိုသွားမည်ဟု သရုပ်ဆောင် မင်းရာဇာပြော | Standard Time Daily

ကိုယ်ဝန်ကြီးနဲ့ မင်းရာဇာရဲ့ မိန်းမကတော့ ထောင်ထဲမှာကလေးမွေးဖြစ်ခဲ့ပြီပဲဖြစ်ပါတယ်။ မင်းရာဇာ မိန်းမ ထောင်ထဲမှာ သားယောကျာ်းလေးမွေးတာကို သရုပ်ဆောင် မင်းဇော်က ပြောပြလာခဲ့ပါတယ်။ မင်းဇော်က “မင်းရာဇာ ရဲ့ မိန်းမ က ထောင်ထဲမှာ ကလေး မွေးသွားပြီ ကြားတယ်။ ကြာသပတေး သား ယောက်ျားလေး ပါ။ အရှေ့ပိုင်း တရားရုံးမှာတုန်းက မင်းရာဇာ နဲ့ သွားတွေ့ဖြစ်တယ်။ သူ့ကို သူငယ်ချင်း တစ်ယောက် အနေ နဲ့ရော၊ လုပ်ဖော်ကိုင်ဖက် တစ်ယောက် အနေနဲ့ပါ တတ်နိုင်သမျှ ကူညီပေးသွားမယ်”လို့ ပြောလာခဲ့ပါတယ်။

မင်းရာဇာနှင့်ဇနီးဖြစ်သူတို့မှ အက်စစ်နှင့်ပက်၊ ရိုက်နှက်ခဲ့ပုံများကို  ပြောပြထားသည့် အိမ်အကူမလေး၏ ဗီဒီယို by popolay.com

မင်းရာဇာရဲ့အမှုက သက်ငယ်မုဒိမ်းမှုဖြစ်လို့ အာမခံမရနိုင်လို့ဆို

အားလုံး ပြီးသွားရင်တော့ အနုပညာ အတူတူ ပြန်လုပ်ကြဖို့ အားပေး ချင်တယ် လို့လဲပြောခဲ့ပါသေးတယ်။ ပရိသတ်ကြီးအတွက် သရုပ်ဆောင် မင်းဇော်ရဲ့ interview ဗီဒီယိုဖိုင်လေးကိုဖော်ပြပေးလိုက်ပါတယ်နော်။

7Day News | မင်းရာဇာကို သက်ငယ်မုဒိမ်းမှုဖြင့် ခရိုင်တရားရုံး၌  ထပ်မံတရားစွဲဆို

Video ကြည့်ရန်

Swelosne News