ရုရှားကထုတ်တဲ့ Covid 19 ကာကွယ်ဆေးထိုးပြီးရင် (၂)လတိတိ ဆင်ခြင်ရမယ့်အရာတစ်ခုကို အားလုံးသိအောင်ပြောပြလိုက်တဲ့ လွင်မိုး

အနုပညာ

မင်းသားကြီး လွင်မိုးကတော့ ပရိသတ်တွေအားလုံးရဲ့အားပေးဝန်းရံမှုကို တစ်ခေတ်တစ်ခါကတည်းကရရှိခဲ့တဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ် ။ လွင်မိုးက ထူးချွန်ပြောင်မြောက်တဲ့ အနုပညာအရည်အချင်းတွေကို ပိုင်ဆိုင်ထားသူဖြစ်လို့ သူ့ကို အနုပညာရှင်အချင်းချင်းကပါ လေးစားချစ်ခင်နေရတာ ဖြစ်ပါတယ် ။ လက်ရှိအချိန်မှာတော့ လွင်မိုးက အနုပညာအလုပ်တွေကို ရပ်နားထားခဲ့တာ အချိန်အတော်ကြာအောင်ရှိနေခဲ့ပြီလည်း ဖြစ်ပါတယ် ။

Image may contain: 1 person, sitting and standing

လွင်မိုးက အိမ်မှာနေထိုင်ရင်းနဲ့ သူဝါသနာပါတဲ့အလုပ်လေးတွေကို အေးအေးဆေးလုပ်ကိုင်ရင်း ပျော်ရွှင်စရာအချိန်လေးတွေကို ဖြတ်သန်းနေတာ ဖြစ်ပါတယ် ။ မြေးလေးတစ်ယောက်တောင် ရရှိနေပြီဖြစ်တဲ့ လွင်မိုးရဲ့မိသားစုဘဝလေးကတော့ အရာရာပြီးပြည့်စုံပြီး အားကျချင်စရာကောင်းနေတာ ဖြစ်ပါတယ် ။ လွင်မိုးက သူ့ရဲ့လှုပ်ရှားမှုတွေ လူမှုကွန်ယက်စာမျက်နှာထက်မှာ မျှဝေပေးတတ်တာဖြစ်ပြီး အခုလည်း အားလုံးသိသင့်တဲ့ကိစ္စလေးတစ်ခုကို ပြောပြထားတာ ဖြစ်ပါတယ် ။

Image may contain: 1 person, standing, mountain, shoes, sky, outdoor and nature

လွင်မိုးက ” အမျိုးတို့ရေ ရုရှားထုတ် Covid..19 ကာကွယ်ဆေးထိုးပြီး..(၂)လ အရက်သောက်လို့မရဘူးတဲ့..” ဆိုပြီး သူ့ရဲ့Facebook Account မှာ ရေးသားမျှဝေထားတာ ဖြစ်ပါတယ် ။ လွင်မိုးကတော့ Covid 19 ကာကွယ်ဆေးထိုးပြီးရင် ဆင်ခြင်ရမယ့် အရာလေးတစ်ခုကို သူသိထားတဲ့အတိုင်း ပြောပြလိုက်တာပဲ ဖြစ်ပါတယ် ။ ကဲ လွင်မိုးကိုယ်တိုင်တင်ထားတဲ့ ဗဟုသုတအကြောင်းအရာလေးကို ချစ်ပရိသတ်တွေလည်းသိရှိနိုင်စေဖို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Image may contain: 1 person, sitting, eating, drink, table, indoor and food