ကိုယ်ဝန်လရင့်လာပြီဖြစ်တဲ့ဇနီးချောလေးနဲ့အတူ လမ်းလျှောက်ရင်း ဂရုတစိုက်နဲ့ကြင်နာပေးနေတဲ့ မင်းသားချောမြင့်မြတ်

အနုပညာ

ပရိသတ်ကြီးရေ…….သဘာဝမင်းသားလို့ပရိသတ်တွေ တင်စားခေါ်ဝေါ်ကြတဲ့ မင်းသားချောမြင့်မြတ်ကတော့ သာယာပျော်ရွှင်စရာမိသားစုဘဝလေးကို တည်ထောင်ထားတာဖြစ်ပြီး ပရိသတ်တွေ အားကျချစ်ခင်ရတဲ့ သူလေးဖြစ်ပါတယ်။ သူဟာကျရာဇာတ်ရုပ်ကိုလည်း အပီအပြင်သရုပ်ဆောင်နိုင်တဲ့သူလေးဖြစ်ပြီး အကယ်ဒမီထူးချွန်ဆုကြီးကိုလည်း ရရှိထားသူတစ်ယောက်ပါနော်။ မြင့်မြတ်ဟာ အနုပညာလောကမှာလည်း နှစ်ပေါင်းအတော်ကြာ ရပ်တည်အောင်မြင်နေတာလည်းဖြစ်ပြီး ဒိတ်ဒိတ်ကြဲမင်းသားတစ်ယောက်ဆိုလည်း မမှားပါဘူး…..။

Image may contain: 3 people, people standing, sky and outdoor

Image may contain: 2 people, people standing, sky, shoes, tree, child and outdoor

မြင့်မြတ်ဟာ အခုလက်ရှိမှာဆိုရင်လည်း ချစ်စရာကောင်းတဲ့သားငယ်လေးမြတ်သူကိုလည်း ရရှိပိုင်ဆိုင်နေပြီဖြစ်ပြီး ပျော်စရာကောင်းတဲ့မိသားစုဘ၀လေးကို တည်ထောင်ထားတာဖြစ်ပါတယ်နော်။ မြင့်မြတ်ရဲ့ဇနီးချောလေးဟာလည်း အခုဆိုရင်ဒုတိယမြောက်ကိုယ်ဝန်လွယ်ထားရတာလည်း ဖြစ်ပြီးသမီးလေးဖြစ်တယ်လို့လည်း သိရပါတယ်….။

Image may contain: 3 people, people standing, shoes, tree, sky and outdoor

Image may contain: 2 people, people sitting, sky, child, tree and outdoor

မြင့်မြတ်ဟာ သားလေးတစ်ယောက်အပြင် နောက်ထပ်သမီးငယ်လေးတစ်ယောက်ပါ ထပ်ရတော့မှာမလို့ အပျော်ကြီးပျော်နေတာပါနော်။ မကြာသေးမီကလည်း သူ့ရဲ့Facebookစာမျက်နှာမှာ “သာယာတဲ့နေရာလေးမှာ ညနေခင်းဆည်းဆာကြည့်ရင်း လမ်းထွက်လျှောက် with family …” ဆိုတဲ့ captionလေးနဲ့အတူ မိသားစုရဲ့ပျော်စရာပုံရိပ်လေးတွေကို တင်ပေးလာပါတယ်။ ကဲ…..ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။