စိုင်းစိုင်းကတော့ ကိုဗစ်ကာလအတွင်းမှာလည်း ပရိသတ်တွေအတွက် သီချင်းအသစ်တွေထွက်ရှိပေးထားပါတယ်။
အခုလည်း Red Light လို့အမည်ရတဲ့သီချင်းအသစ်တစ်ပုဒ်ထွက်ရှိဖို့အတွက်ရှိနေတာပါ။ ဒီသီချင်းကိုအတူသီဆိုမယ့်သူဟာ တောင်ကိုရီးယားနိုင်ငံက 2NE1အဖွဲ့ဝင်ဟောင်း တစ်ယောက်ဖြစ်လိမ့်မယ်လို့ သတင်းတွေထွက်ရှိနေခဲ့ပါတယ်။
စိုင်းစိုင်းကတော့ ဒီနေ့မှာ သီချင်းအသစ်နဲ့ပတ်သက်ပြီး ပရိသတ်တွေကို ပြောလာခဲ့ပါပြီ။ ဒီ Red Light ဆိုတဲ့သီချင်းကို အတူသီဆိုမယ့်သူကတော့ 2NE1အဖွဲ့ဝင်ဟောင်း Park Bom ဖြစ်ပါတယ်။ Park Bom ကတော့ မြန်မာပရိသတ်တွေသိပြီးသားသူတစ်ယောက်လည်း ဖြစ်သလို တောင်ကိုရီးယားနိုင်ငံရဲ့ ကမ္ဘာကျော်အဆိုတော်တစ်ယောက်လည်း ဖြစ်နေပါတယ်။ ဒီသတင်းအတွက်ပရိသတ်တွေကတော့ ပျော်နေကြတာလည်း ဖြစ်ပါတယ်။
စိုင်းစိုင်းကတော့ မြန်မာပြည်တွင်းမှာထိပ်တန်းအောင်မြင်မှုရရှိနေသလို အခုလိုမျိုးကိုရီးယားအနုပညာရှင်တွေနဲ့ သီချင်းအတူဖန်တီးတာကတော့ ထူးထူးခြားခြားပါပဲ။ Park Bom ရဲ့ပရိသတ်တွေနဲ့ စိုင်းစိုင်းရဲ့ပရိသတ်တွေအတွက် ဝမ်းသာစရာသတင်းကောင်းတစ်ခုပါပဲနော်…
Source : SaiSaiKhamLeng