ဦးဗေလုဝ ပရိသတ်တွေကို နှုတ်ဆက်သွားပီလို့ပို့စ်တင်ခဲ့တဲ့ လွင်မိုး

အနုပညာ

သရုပ်ဆောင် ဗေလုဝ က ပရိသတ်တွေကို ဒီကနေ့မှာပဲ နှုတ်ဆက်သွားခဲ့တာပါ။ ဝါရင့်သရုပ်ဆောင်တစ်ဦးဖြစ်သူ ဗေလုဝဟာ ၂၀၂၀ နိုဝင်ဘာလ အတွင်းမှာပဲ အရေးပေါ်ဆေးကုသမှုခံယူခဲ့ရပါသေးတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ ဗေလုဝနဲ့ ဦးလှဆွေ ဘယ်သူ့ကိုမဲပေးမလဲ - The Irrawaddy's Blog

ပရိသတ်တွေကို ရယ်မောပျော်ရွှင်စရာတွေနဲ့ တင်ဆက်ပေးနိုင်ခဲ့သူ သရုပ်ဆောင်ဗေလုဝဆိုရင်ဖြင့် ကလေး၊ လူငယ်၊ လူကြီးမကျန် အားပေးမှုတွေကို ရရှိထားသူပါ။ ဘီလူးဆိုတဲ့ ဇာတ်ရုပ်နဲ့ ကျရာနေရာကိုပီပြင်စွာသရုပ်ဆောင်နိုင်ခဲ့တာကြောင့်လည်း ပရိသတ်တွေရဲ့ ချီးကျူးဂုဏ်ပြုမှုတွေကိုထိုက်ထိုက်တန်တန်ရရှိခဲ့ပါသေးတယ်။

Image may contain: 1 person, sitting

သရုပ်ဆောင် ဗေလုဝဟာ အနုပညာအလုပ်တွေအပြင် လယ်သူမ ဆိုတဲ့ စားသောက်ဆိုင်ကိုလည်း ဖွင့်လှစ်လုပ်ကိုင်ခဲ့ပါတယ်။ ဇန်နဝါရီလအတွင်းက ဦးနှောက်သွေးကြောပိတ်ဝေဒနာကို ခံစားခဲ့ရပြီး ပြန်လည်ကောင်းမွန်လာခဲ့တဲ့ ဗေလုဝဟာ ယခု နိုဝင်ဘာလအတွင်းမှာပဲ ပင်လုံဆေးရုံမှာ ရုတ်တရက်ဆေးကုသမှုခံယူလိုက်ရတာဖြစ်ပါတယ်။

ကျန်းမာရေးအခြေအနေ ထူးခြားကောင်းမွန်လာတဲ့ သရုပ်ဆောင်ဗေလုဝ – Askstyle

ဒီကနေ့မှာပဲ သရုပ်ဆောင်ဗေလုဝဟာ သူချစ်တဲ့ ပရိသတ်တွေနဲ့ အနုပညာရှင်တွေကို နှုတ်ဆက်သွားပြီဖြစ်ကြောင်း အနုပညာအပေါင်းအဖော်တစ်ဦးဖြစ်သူ သရုပ်ဆောင် လွင်မိုးက သူ့ရဲ့ လူမှုကွန်ယက်အကောင့်မှာမှားယွင်းရေးသားခဲ့တာပါ။

ဗေလုဝရဲ့ ကျန်းမာရေး အခြေအနေ စိုးရိမ်ရတယ်လို့ ဇနီးဖြစ်သူ ပြော