ဒီကနေ့ကျရောက်တဲ့ ခရစ်စမတ်ကို ဝတ်စုံအပြည့်အစုံနဲ့ ဓာတ်ဖမ်းကာ ကြိုဆိုလိုက်တဲ့ နေတိုး

အနုပညာ

ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင်မင်းသားချော နေတိုးကတော့ အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်သလို ကျရာဇာတ်ရုပ်တွေကို အကျွမ်းကျင်ဆုံးနဲ့ ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့် ပရိသတ်တွေရဲ့ ရင်ထဲနေရာယူထားသူပဲ ဖြစ်ပါတယ်နော်။ အကယ်ဒမီဆုကြီးတွေကိုလည်း ထိုက်ထိုက်တန်တန်ရရှိထားတဲ့ နေတိုးက လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေကို မနားတမ်းရိုက်ကူးနေရပါတယ်။

နေတိုးကတော့ အနုပညာလောကမှာ ထိပ်တန်းကနေ အောင်မြင်မှုတွေအခိုင်အမာရရှိထားပြီး မိန်းကလေးပရိသတ်တွေအပြင် ယောင်္ကျားလေးပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကိုပါ အခိုင်အမာရရှိထားတဲ့ ပြည်သူချစ်မင်းသားတစ်ယောက်လည်းဖြစ်ပါတယ်။ အနုပညာမှာဘက်စုံတော်ရုံသာမကပဲ ပရိသတ်တွေအပေါ်ရင်းနှီးဖော်ရွေတတ်ပြီး တည်ကြည်ခန့်ညား ယောင်္ကျားပီသမှုတွေကြောင့်လည်း ပရိသတ်တွေအားလုံးက ချစ်ခင်အားပေးနေတာဆိုလည်း မမှားပါဘူးနော်။

နေတိုးဟာဆိုရင် ခရစ်စမတ်အတွက် ဝတ်စုံအပြည့်အစုံနဲ့ ပိုစ့်ပေးထားတဲ့ ပုံလေးတွေကို လူမှုကွန်ယက်ထက်မှာ ဝေမျှလာခဲ့ပါတယ်။ ” Marry Christmas ပါခင်ဗျာ ” ဆိုတဲ့ စာသားလေးနဲ့အတူ ခန့်ညားချောမောတဲ့ ရုပ်ရည်နဲ့ လိုက်ဖက်လွန်းတဲ့ ခရစ်စမတ်ဝတ်စုံကြီးကို ဝတ်ဆင်ကာ ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကို ချစ်ရတဲ့ ပရိသတ်တွေအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။