ပိုင်တံခွန်ရဲ့ ကျေးဇူးဆပ်ပုံကြောင့် ဘဝမှာပြောမပြတတ်အောင် ပီတိမျက်ရည်ကျခဲ့ရတဲ့ ဂျွန်လွင်

အနုပညာ

မော်ဒယ်လောကရဲ့ သခင်ဖြစ်တဲ့ ဆရာဂျွန်လွင်က သားတပည့်တစ်ဦးဖြစ်သူ သရုပ်ဆောင် ပိုင်တံခွန်ရဲ့ ကျေးဇူးဆပ်ပုံကြောင့် ပီတိမျက်ရည်ကျခဲ့ရတဲ့ အထိဖြစ်ခဲ့ပါတယ်။

Image may contain: 1 person, standing, dog, plant and outdoor

အနုပညာရှင်ကောင်းများစွာကို မွေးထုတ်ပေးခဲ့တဲ့ ဆရာဂျွန်လွင်က သရုပ်ဆောင်အများစုရဲ့ လေးစားချစ်ခင်မှုကိုရရှိထားသူတစ်ဦးပါ။ တပည့်တွေအပေါ်ကို ချစ်ခင်စောင့်ရှောက်တတ်သူတစ်ဦးဖြစ်တာကြောင့်လည်း တပည့်တွေရဲ့ မေတ္တာတွေကို အပြည့်အဝရရှိနေသူတစ်ဦးပါ။

Image may contain: 2 people

ယခုလည်း တပည့်တစ်ဦးဖြစ်သူ သရုပ်ဆောင်ပိုင်တံခွန်ရဲ့ ကျေးဇူးဆပ်ပုံဆပ်နည်းကြောင့် ဆရာဂျွန်လွင်တစ်ယောက် မျက်ရည်တောင်ကျခဲ့ရတာဖြစ်ပါတယ်။ ပိုင်တံခွန်ဟာ ဘုန်းကြီးဝတ်နဲ့ ဆရာဖြစ်သူကို ကျေးဇူးဆပ်တဲ့အနေနဲ့ သူပြုသမျှကုသိုလ်တွေကို မျှဝေပေးပြီး တရားဟောပေးခဲ့တာကြောင့် ဆရာတစ်ယောက်ရဲ့ ရင်ထဲမှာ ပီတိတွေအတိုင်းအဆမရှိ ဖြစ်ပေါ်လာတဲ့အကြောင်းကို ပြောပြထားတာပါ။

Image may contain: 2 people, selfie and closeup

“ဒီလိုကျေးဇူးဆပ်တာဘဝမှာပထမဆုံးခံရတော့ရင်ထဲမှာပီတိကပြောမပြတတ်အောင်ပါ Sedona မှာရေကူးခါနီးတပည့်ပိုင်တံခွန်ဖုံဆက်လာတယ် သစ်တံခါးဆရာတော်ဘုရားနဲ့အတူသူမေတ္တာပို့ဆုတောင်းပေးတာပိတီဖြစ်ပြီးမျက်ရည်ကျခဲ့ရတယ် ဘုန်းကြီးဝတ်နဲ့ဆရာကိုကျေးဇူးဆပ်တဲ့အနေနဲ့သူပြု့သမျှကုသိုလ်တွေကိုသူကမျှဝေပေးတာတရားဟောပေးတာဘဝမှာဝမ်းသာလွန်းလို့ကျတဲ့မျက်ရည်ဟာထူးဆန်းအေးမျှလှပါတယ်”

Image may contain: 2 people, selfie and closeup

Image may contain: 3 people, selfie and closeup

ဒီလိုကျေးဇူးသိတတ်လှတာကြောင့်လည်း မြန်မာနိုင်ငံမှာတင်မကဘဲ နိုင်ငံတကာထိပါ အောင်မြင်နေတယ်ဆိုတာ ပရိသတ်တွေလည်းသိကြမှာပါနော်။ ပိုင်တံခွန်ဟာ ဆရာသမားတွေတင်မကဘဲ မိဘ ၂ ပါးအပေါ်မှာလည်း အင်မတန် ကျေးဇူးသိတတ်သူတစ်ဦးဖြစ်ပါတယ်။

Image may contain: 2 people, outdoor