ပုဒ်မ (၂၅) နဲ့ အဖမ်းခံခဲ့ရတဲ့ ခြိမ့်ကေကိုဘက်ကနေ အားပေးမှုအပြည့်နဲ့ ရပ်တည်ခဲ့တဲ့ အောင်ရဲလင်း

အနုပညာ

COVID-19 ကာလ အတွင်း လူစုလူဝေးဖြင့် ကျင်းပခဲ့သည့် မွေးနေ့ပွဲတွင် ဖျော်ဖြေခဲ့မှုကြောင့် သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅/ ၃၀ (က) ဖြင့် အမှုဖွင့် ခံထားရတဲ့ ခြိမ့်ကေကို/ ငှက်ပျောသီး ဟာ ဇန်နဝါရီလ (၄) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့မ ရဲစခန်းမှာ ကိုယ်တိုင် သွားရောက် အဖမ်းခံခဲ့ပါတယ်။

ခြိမ့်ကေကိုကို ပုဒ်မ (၂၅) နဲ့ တစ်ခါထဲဖမ်းခဲ့တာကြောင့် ပရိသတ်ကြားမှာ ပြောစရာဖြစ်ခဲ့ပါတယ်။ ကိုဗစ်ကာလ KTV မှာ ဖမ်းမိတဲါသူတွေကျ လွှတ်ပေးပြီး ခြိမ့်ကေကို ဖမ်းခဲ့လို့ ပရိတ်သတ်တွေ ဝေဖန်နေကြပါတယ်။ ခြိမ့်ကေကိုအချုပ်ထဲမှာ ငိုနေတယ် လို့ သူရဲ့ အမေက ဦးဒိန်းဒေါင်ကို ငိုပြီးပြောခဲ့တာကြောင့် ပရိသတ်တွေကစိတ်မကောင်းဖြစ်နေကြပါတယ်။

 

သရုပ်ဆောင် အောင်ရဲလင်းကတော့ ခြိမ့်ကေကို ဘက်ကနေ ရပ်တည် ခဲ့တာပဲဖြစ်ပါတယ်။ အောင်ရဲလင်းက “Stay Strong Fella!#KeepYourHeadsHigh #ChaintKKo” ဆိုပြီး သူ့ရဲ့ FB မှာ ဦးဒိန်းဒေါင်ဖြေထားတဲ့ interview လေးကို Share ရင်းရေးခဲ့တာပဲဖြစ်ပါတယ်။ တော်ရုံဝင်မပြောကာ အေးဆေးစွာပဲ နေတတ်သူ အောင်ရဲလင်းကပါ အဆိုတော် ခြိမ့်ကေကိုအတွက် အားပေးမှုတွေနဲ့ ရပ်တည်ခဲ့တာပဲဖြစ်ပါတယ်နော်.။ ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။