ကျွန်မဘဝရဲ့ အကြီးမားဆုံး ရည်မှန်းချက်ကတော့ ယောကျာ်းယူဖို့ပါပဲ ဆိုတဲ့ ဆောင်းအိနြေ္ဒထွန်း

အနုပညာ

ပရိသတ်ကြီးရေ.. မမဆောင်းလို့ အားလုံးက ချစ်စနိုးခေါ်ကြပြီး ချစ်စရာကောင်းသလို ပွင့်လင်းမှုတွေနဲ့ အချစ်ပိုစေတဲ့ အဆိုတော်သရုပ်ဆောင် ဆောင်းအိနြေ္ဒကိုတော့ ပရိသတ်တွေတော်တော်များများ တစ်ခဲနက်အားပေးချစ်ခင်နေကြမှာပါနော်..။မမဆောင်းကတော့ သီချင်းကောင်းလေးတွေ များစွာထွက်ရှိထားပြီး ပရိသတ်တွေကိုလည်းအကြိုက်တွေ့စေသလို သရုပ်ဆောင်ပိုင်းမှာလည်း ကြော်ငြာလေးတွေလည်း ရိုက်ကူးနေပြီး Live Sale တွေမှာလည်း မကြာခဏတွေ့မြင်ရပါတယ်နော်။

မမဆောင်းကတော့ သူမရဲ့လှုပ်ရှားမှုတွေကို အမြဲမျှဝေလေ့ရှိသလို ချစ်စရာကောင်းတဲ့ Tik Tok ဗီဒီယိုလေးတွေနဲ့လည်း အချစ်ပိုစေကာ အခုတစ်ခါမှာလည်း ညို့အားပြင်းတဲ့ သူမရဲ့အမိုက်စားပုံရိပ်လေးတွေနဲ့ ပရိသတ်တွေကို ဖမ်းစားသူလေးလည်း ဖြစ်ပါတယ်။ မမဆောင်းကတော့ သူမဘဝရဲ့ အကြီးမားဆုံးရည်မှန်းချက်ကို ပြောပြလာခဲ့ပါတယ်။ မမဆောင်းက “ယောကျာ်းယူဖို့က မမဆောင်းရဲ့ အကြီးမားဆုံး ရည်မှန်းချက် ပါပဲ” ဆိုပြီး media တွေနဲ့ interview မှာပြောခဲ့တာပဲဖြစ်ပါတယ်။

ယောကျာ်းယူဖို့က အကြီးမားဆုံးရည်မှန်ချက်ဖြစ်တဲ့ မမဆောင်းရဲ့ interview ဗီဒီယိုဖိုင်လေးကိုပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးကို ကျေးဇူးတင်ပါတယ်နော်။