အခုချိန်ထိယောကျာ်းမယူတဲ့သူမရဲ့အကြောင်းရင်းလေးကိုဗီဒီယိုဖိုင်နှင့်တကွ သက်သေပြလိုက်တဲ့ ဝတ်မှုန်ရွှေရည်

အနုပညာ

အသားဖြူဖြူဖွေးဖွေးလေးနဲ့ ကိုရီးယားမလေးလို့ ထင်မှတ်ရလောက်အောင် ချစ်စရာကောင်းသူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ပဲ ဖြစ်ပါတယ်။ သူမဟာ အလှကုန်ပစ္စည်းတစ်ခုရဲ့ ကြော်ငြာအတွက် ရိုက်ကူးပေးရင်းနဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်လာတာလည်း ဖြစ်ပါတယ်။ ရွှေကစ်ဟာ ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုတွေကိုရရှိထားပြီး သရုပ်ဆောင်တဲ့နေရာမှာလည်း ပီပြင်ကောင်းမွန်မှုတို့ကြောင့် အကယ်ဒမီထူးချွန်ဆုကိုပါ ရရှိပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။

ရွှေကစ်လေးဟာ လတ်တလောမှာတော့ ကြော်ငြာများစွာ ရိုက်ကူးနေရပြီး ပွဲအခမ်းအနားပေါင်းများစွာကိုလည်း လက်မလည်အောင် တက်ရောက်နောတာလည်း ဖြစ်ပါတယ်။ အသားအရည်လေးက ဝင်းလက်နေတာကြောင့်လည်း ဘယ်လိုဖက်ရှင်မျိုးနဲ့ပဲ ဝတ်ဝတ် ချစ်စရာကောင်းလွန်းနေတာလည်း ဖြစ်ပါတယ်။ သူမချစ်တဲ့ ပရိသတ်တွေအတွက် Tik Tok လေးတွေကိုလည်း မအားလပ်တဲ့ကြားကနေ ရိုက်ကူးကာ တင်ပေးနေတာလည်း ဖြစ်ပါတယ်။

မကြာသေးခင် နာရီပိုင်းလောက်ကလည်း ရွှေကစ်ရဲ့ Tik Tok အကောင့်မှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ အနားမှာကောင်ချောလေးတွေဝိုင်းဝိုင်းလည်နေလို့ခါချနေရတဲ့အကြောင်းကိုဗီဒီယိုဖိုင်လေးနဲ့ပြသလိုက်တာပဲ ဖြစ်ပါတယ်။ ရွှေကစ်ဟာ အဆိုတော် ချယ်ရီသင်းရဲ့ ” အပျိုကြီး ” သီချင်းလေးနဲ့ Tik Tok ကစားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုဖိုင်လေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။