ချစ်ရတဲ့မောင်က တန်ဖိုးကြီးစိန်လက်စွပ်နဲ့ Surprise လာလုပ်လို့ ရင်ခုန်ပျော်ရွှင်ပြီး အချစ်တကယ်ရှိကြောင်းသိလိုက်ရတဲ့ ဖြူဖြူကျော်သိန်း

အနုပညာ

မြန်မာနိုင်ငံရဲ့နာမည်ကြီး တေးသံရှင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ ဖြူဖြူကျော်သိန်းကတော့ မသိသူမရှိလောက်အောင် အောင်မြင်နေပြီးသား ဖြစ်ပါတယ် ။ အချစ်သီချင်းတွေသာမက အသည်းကွဲသီချင်းတွေကိုပါ ဖန်တီးတတ်တဲ့ ဖြူဖြူကျော်သိန်းက အမာခံပရိသတ်တွေရဲ့အပြတ်အသတ် အားပေးမှုကိုပါ ရရှိထားတာ ဖြစ်ပါတယ် ။ လက်ရှိမှာလည်း ဖြူဖြူကျော်သိန်းက သီချင်းအသစ်တွေကို ဆက်လက်ဖန်တီးနေဆဲ ဖြစ်ပါတယ် ။

ဂီတနဲ့ပတ်သက်ပြီး အင်မတန်ထူးချွန်တဲ့ ဖြူဖြူကျော်သိန်းက “Myanmar Idol” သီချင်းဆိုပြိုင်ပွဲကြီးမှာပါ ဒိုင်တစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်နေရတာ ဖြစ်ပါတယ် ။ ဖြူဖြူကျော်သိန်းက ထူးခြားတဲ့အသံပါဝါကိုပိုင်ဆိုင်ထားတဲ့အပြင် သူများတွေနဲ့မတူတဲ့ ဖက်ရှင်တွေကိုလည်း ယုံကြည်မှုအပြည့်နဲ့ ဝတ်စားဆင်ယင်တတ်တာ ဖြစ်ပါတယ် ။ အခုလည်း ဖြူဖြူကျော်သိန်းက ပရိသတ်တွေအံ့အားသင့်သွားစေမယ့် သတင်းလေးတစ်ခုကို ကြေညာလိုက်တာ ဖြစ်ပါတယ် ။

ဖြူဖြူကျော်သိန်းက “ဘဝ မှာ surprise ဆိုလို့ အခက်အခဲတွေပဲရှိခဲ့ဖူးတာ….Thank you မောင် တကယ်ကိုအချစ်ရှိတယ်နော်” ဆိုပြီး ပုံလေးတွေကို တင်ပေးလိုက်တာ ဖြစ်ပါတယ် ။ တန်ဖိုးကြီးစိန်လက်စွပ်တစ်ကွင်းကို ဘယ်ဘက်လက်သူကြွယ်မှာ ဝတ်ပေးပြီး ဖြူဖြူ့ကို စပရိုက်လုပ်လိုက်တဲ့သူကိုတော့ ပရိသတ်ကြီးသိလောက်မယ်ထင်ပါတယ်နော်။