မြန်မာပြည်သိန်းတန် နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့

အနုပညာ

မြန်မာပြည်သိန်းတန်နှင့်ဇနီး ဒေါ်နုနန္ဒာသန်းတို့နေထိုင်သော ကွန်ဒိုတိုက်ခန်း တွင် ယနေ့ နံနက်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

Image may contain: one or more people

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်၌ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ ဆင်မလိုက် ဈေး(၆)လွှာတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ကမာရွတ်မြို့နယ်မီးသတ်စခန်းမှ မီးသတ် ယာဉ်(၃)စီး ထွက်ခွာငြှိမ်းသတ်ခဲ့ရကြောင်း ဖော်ပြထားသည်။

Image may contain: sky and outdoor

“မှန်တင်ခုံနဲ့ အဝတ်အစားတွေအလှပြင်ပစ္စည်းတွေ ဆုံးရှုံးသွားတာပါ။ဆုံးရှုံးမှုတန်ဖိုးက ကျပ်ငါးသောင်း ဖြစ်ပါတယ်။အခန်းပိုင်ရှင်အမည်ကတော့ ဒေါ်နုနန္ဒာသန်း ဖြစ်ပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး မီးသတ် ဦးစီးဌာနတာဝန်ရှိသူက ပြည်မြန်မာကို ပြောသည်။