‘‘မြန်မာနိုင်ငံက လူတွေရဲ့ ဘေးကင်းလုံခြုံရေးကို ရှေ့တန်း တင် အဓိကထားပြီး ဖေ့စ်ဘွတ်ခ် မှာ တားမြစ်ထားတဲ့ အကြမ်းဖက် မှု၊ အမုန်းစကားနဲ့ အန္တရာယ်ဖြစ် စေမယ့် အကြောင်းအရာအမှား တွေကို ဖယ်ရှားနေပါတယ်’’ ဟု ၎င်းက ပြောသည်။
ထို့အပြင် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် နိုင်ငံရေးအခြေ အနေများကို အချိန်နှင့်တစ်ပြေး ညီ အနီးကပ်လေ့လာစောင့် ကြည့်နေသည်ဟု Dr Rafael Frankel ကပြောသည်။‘‘သတင်းအချက်အလက် အမှားနဲ့အခြေအနေကို ပိုပြီးတင်း မာရှုပ်ထွေးစေနိုင်မယ့်အကြောင်း အရာတွေကို ဖယ်ရှားနိုင်ဖို့အ တွက် လိုအပ်တဲ့စည်းကျပ်မှုတွေ ထပ်တိုးလုပ်ဆောင်နေပါတယ်’’ ဟု ၎င်းကပြောသည်။
ဖေ့စ်ဘွတ်ခ်ကုမ္ပဏီသည် ဇန်နဝါရီလကုန်ပိုင်း၌ ကွန်ရက် ပေါ်တွင် ပျံ့နှံ့ခဲ့သည့်အမုန်းစကား များအပါအဝင် အသက်အန္တရာယ် ကို ခြိမ်းခြောက်သည့် ပို့စ်များကို ၎င်းတို့၏ ကွန်ရက်ပေါ်မှ ဖြုတ်ချခဲ့ သည်။