CDM ပြုလုပ်နေသည့် ဝန်ထမ်းများအား လစာမပေးဘဲဆိုင်းငံ့ထားမည်ဟု ရှမ်းပြည်နယ်စည်ပင် ခြိမ်းခြောက်

သတင်း

အာဏာသိမ်းစစ်ကောင် စီလက်အောက်တွင် တာဝန်မ ထမ်းဆောင်လိုကြောင်း အာဏာ ဖီဆန်သော CDM လှုပ်ရှားမှုပြု လုပ်နေသည့် စည်ပင်ဝန်ထမ်းများ အားလစာမပေးရန် ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနက ခြိမ်း ခြောက်အကျပ်ကိုင်မှု ပြုလုပ်နေ သည်ဟု CDM ပြုလုပ်နေသည့် ပြည်သူ့ဝန်ထမ်းများက ပြောသည်။


ရှမ်းပြည်နယ် စည်ပင်သာ ယာရေးဌာန ကွပ်ကဲမှုအောက်ရှိ ဌာနခွဲမြို့နယ်နှင့် မြို့နယ်ခွဲ စည် ပင်သာယာရေးဌာနများရှိ CDM ပြုလုပ်နေသည့် ဝန်ထမ်းများ၏ လစာစရိတ်ကို အဆိုပါဝန်ထမ်း များ၏ရုံးတက်သည့် ရက်များအ တွက်သာ ထုတ်ပေးမည်ဖြစ်ပြီး ကျန်သည့်ရက်များအတွက် လစာ မပေးဘဲဆိုင်းငံ့ထားမည်ဟု ရှမ်း ပြည်နယ် စည်ပင်သာယာရေးဌာနက ဖေဖော်ဝါရီ ၂၃ ရက်တွင် ညွှန်ကြားစာ ထုတ်ခဲ့ခြင်းဖြစ်သည်။

သို့သော် ယခုကဲ့သို့ဖိအား ပေး လုပ်ဆောင်လာမည်ဆိုသည် ကို ကြိုတင်ခန့်မှန်းထားပြီးဖြစ်သ ဖြင့် တုန်လှုပ်ခြင်းမရှိသလို CDM လှုပ်ရှားမှုအား ရပ်တန့်သွားမည်မ ဟုတ်ကြောင်း CDM လှုပ်ရှားမှု တွင် ပါဝင်သည့်စည်ပင်ဝန်ထမ်း တစ်ဦးက ပြောသည်။

‘‘ဒါကတော့ သူတို့ကရုံးကို ပြန်မတက်တက်အောင် အကျပ် ကိုင်တယ်လို့ပဲမြင်တယ်ဗျ။ တ ကယ်တမ်းကျတော့ ကျွန်တော်တို့ က နုတ်ထွက်တာလည်းမဟုတ်တဲ့ အတွက် ဆိုင်းငံ့ထားဖို့လည်းမလို ဘူးဗျ။ အခုကတော့ရုံးမတက် တက်အောင် ဖိအားပေးတဲ့သ ဘောမျိုးပါ။ ဘာမှတော့မပြော ချင်ပါဘူး။ ဒီထက်ပိုပြီး ပြင်းထန် တဲ့ဟာလည်း မျှော်လင့်ထားပြီး သားဆိုတော့ ရင်ဆိုင်ဖို့တော့အ သင့်ပါပဲ။ ရုံးပြန်တက်ဖို့တော့ မရှိ ပါဘူး’’ဟု အဆိုပါ ဝန်ထမ်းက ပြောသည်။

CDM ပြုလုပ်နေသည့် ဝန် ထမ်းများ၏ လစာစရိတ်များ ခေတ္တဆိုင်းငံ့ထားရန်ကိစ္စကို စစ် ကောင်စီလက်အောက်တွင် တာ ဝန်ထမ်းဆောင်နေသည့် ရှမ်း ပြည်နယ် စည်ပင်သာယာရေးဌာန က ဖေဖော်ဝါရီ ၁၉ရက်တွင် အ စည်းအဝေးပြုလုပ်ကာ ဆုံးဖြတ် ချက်ချခဲ့သည်။